ပဲခူးတွင် အရပ်သားပြည်သူများအပေါ် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက လက်နက်ကြီးများ အသုံးပြုဖြိုခွင်းမှုနှင့်ပတ်သက်၍ UN Myanmar သတင်းထုတ်ပြန်

ပဲခူးတွင် အရပ်သားပြည်သူများအပေါ် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက လက်နက်ကြီးများ အသုံးပြုဖြိုခွင်းမှုနှင့်ပတ်သက်၍ UN Myanmar သတင်းထုတ်ပြန်

အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့က ပဲခူးမြို့တွင် အရပ်သားပြည်သူများအပေါ် ၂၀၂၁ ခုနှစ် ဧပြီလ (၉) ရက်နေ့က လက်နက်ကြီးများအသုံးပြုဖြိုခွင်းသည့်အပြင် ဒဏ်ရာရသူများကိုပါ ဆေးကုသခွင့်မပေးသဖြင့် အရပ်သားပြည်သူများစွာ ကျဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအဖွဲ့က ဧပြီလ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသမှုပေးနိုင်ရေးအတွက် ကျန်းမာရေးအဖွဲ့များအားခွင့်ပြုရန် လုံခြုံရေးအဖွဲ့များကို တောင်းဆိုလိုက်သည်ဟု  မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်သည်။

မြန်မာစစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများအား လက်နက်ဖြင့် အကြမ်းဖက်နှိမ်နှင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ကုလအဖွဲ့အစည်းများ ဒီမိုကရက်တစ်နိုင်ငံများက စောင့်ကြည့်သတိပေးခြင်းများ လုပ်ဆောင်နေသော်လည်း တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့နှင့် အာဆီယံနိုင်ငံအချို့က နှုတ်ဆိတ်နေကြဆဲဖြစ်သည်။