အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကြဲသောကြောင့် အရပ်သား ၁၀၀၀၀ ဝန်းကျင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ 

အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကြဲသောကြောင့် အရပ်သား ၁၀၀၀၀ ဝန်းကျင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ 

အာဏာသိမ်းစစ်တပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေအတွင်း မတ်လ (၂၇)နှင့် (၂၈) ရက်နေ့ နှစ်ရက်တာ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀၀၀၀) ကျော်မှာ ထိုင်းနယ်စပ်သို့ တိမ်းရှောင်နေရကြောင်း သိရသည်။

KNU တပ်မဟာ ၅ နယ်မြေဖြစ်သည့် မူတြော်ခရိုင် အုပ်ချုပ်မှု နယ်မြေအတွင်းရှိ ဒေပူးနိုကျေးရွာ၊ တနေးလူတောင်ကုန်းကျေးရွာ၊ ကလိုဘောထာကျေးရွာ၊ မောယူနီကျေးရွာ၊ သယ်ဘိုးပလောကျေးရွာ၊  သီးကောထာကျေးရွာနှင့် ဟိုကေကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူများလည်းရှိနေကြောင်း သိရသည်။