ကယားပြည်နယ် လွိုင်ကော်မြို့တွင် သပိတ်စစ်ကြောင်း (၃)ကြောင်းကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲက ဖြိုခွင်းပြီး လူနေအိမ်ကိုလည်း (၁၀)မိနစ်အကြာ ပစ်ခတ်ဖျက်ဆီး

ကယားပြည်နယ် လွိုင်ကော်မြို့တွင် သပိတ်စစ်ကြောင်း (၃)ကြောင်းကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲက ဖြိုခွင်းပြီး လူနေအိမ်ကိုလည်း (၁၀)မိနစ်အကြာ ပစ်ခတ်ဖျက်ဆီး
မတ် 11, 2021 | ကယား

ကယားပြည်နယ် လွိုင်ကော်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း (၃)ကြောင်းအား ယနေ့ မတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်ဖြိုခွင်းမှုများ လုပ်ဆောင်ရာ လူနေအိမ်များအထိပါ လိုက်လံပစ်ခတ်သည့်အတွက် ရာဘာကျည်ထိမှန်မှုများရှိကြောင်း သိရသည်။

လွိုင်ကော်မြို့ ရပ်ကွက်များရှိ နာနတ်တော သပိတ်စစ်ကြောင်းနှင့်  မိုင်းလုံးသပိတ်စစ်ကြောင်းတို့ကို  တပ်နှင့်ရဲက တစ်ပြိုင်နက်ဖြိုခွင်းပြီးနောက် ဆက်လက်၍ ချိကယ် သပိတ်စစ်ကြောင်းကိုလည်း ဖြိုခွင်းကြောင်း သိရသည်။

နာနတ်တောသပိတ်စစ်ကြောင်းအား ဖြိုခွင်းစဉ်   နာနတ်တောရပ်ကွက်အတွင်း ဘုရားကျောင်းအနီးရှိ လူနေအိမ်ကိုလည်း (၁၀)မိနစ်အကြာ စစ်တပ်နှင့်ရဲတို့က ပစ်ခတ်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖြိုခွင်းခံရမှုကြောင့် ရာဘာကျည်မှန်သွားသူများလည်း ရှိသည့်အပြင် အသံဗုံးတစ်လုံးလည်း မကွဲပဲ ကျန်နေခဲ့ကြောင်း သိရသည်။