စစ်တပ်က အာဏာသိမ်းထားသည့်ကာလအတွင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး သင့်၊ မသင့်  ဆွေးနွေးနေ

စစ်တပ်က အာဏာသိမ်းထားသည့်ကာလအတွင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး သင့်၊ မသင့်  ဆွေးနွေးနေ
ဖေဖော်ဝါရီ 19, 2021 | နိုင်ငံရေး

 စစ်တပ်က အာဏာသိမ်းထားသည့်ကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်သင့်၊ မလုပ်ဆောင်သင့်ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် Video Conferencing ဖြင့် အထူးအစည်းအဝေး စတင်ကျင်းပနေသည်။

“ဆန္ဒထုတ်ဖေါ်ပြပွဲများနဲ့ Civil Disobedience Movement (CDM)အာဏာဖီဆန်ရေး လူထုအုံကြွလှုပ်ရှားမှု တို့တွင် ပါဝင်ခဲ့ကြသည့် အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များကို ညအချိန်မတော် အတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များမှ ဥပဒေမဲ့ လိုက်လံဖမ်းဆီးခြင်းများကို ရပ်တန့်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့သူများအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြခြင်းကို အကြမ်းဖက်နည်းလမ်းများနဲ့ မဖြိုခွင်းဖို့ အလေးအနက် တောင်းဆိုပါတယ်”ဟု အထူးအစည်းအဝေးတွင် အဖွင့်မိန့်ခွန်းပြောကြားသည့် PPST ယာယီအဖွဲ့ခေါင်းဆောင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ထည့်သွင်းပြောကြားသွားသည်။

စစ်တပ်က အာဏာသိမ်းထားသည့်ကာလအတွင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးခြင်း ပြု၊ မပြုကို ယနေ့ဆွေးနွေးနေကြခြင်းဖြစ်သည်။

Tachileik News Agency