တာချီလိတ်မြို့တွင် တော်ဝင်မြန်မာ သောက်ရေသန့်၌  အဆိပ်ခတ်ထားသည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ မမှန်ကြောင်း ရှင်းလင်း

တာချီလိတ်မြို့တွင် တော်ဝင်မြန်မာ သောက်ရေသန့်၌  အဆိပ်ခတ်ထားသည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ မမှန်ကြောင်း ရှင်းလင်း
ဖေဖော်ဝါရီ 17, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများ အကြား ပေးဝေလာသော တော်ဝင်မြန်မာ အမှတ်တံဆိပ်ပါသည့် သောက်ရေသန့်တွင် အဆိပ်ခတ်ထားကြောင်း သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ ‌တော်ဝင်မြန်မာ သောက်ရေသန့်လုပ်ငန်းက မဟုတ်ကြောင်း နှင့် လုပ်ငန်းခွင်ကို အချိန်မရွေး လာစစ်နိုင်ကြောင်း အသိပေးထားရှိကြောင်း သိရသည်။

တော်ဝင်မြန်မာ သောက်ရေသန့်လုပ်ငန်းသည် FDA ၏ ခွင့်ပြုချက်ဖြင့် တရားဝင် တည်ထောင်ဖြန့်ချိသည့် လုပ်ငန်းဖြစ်သလို အမည်ပျက်တစ်စုံတရာ မရှိခဲ့ကြောင်း၊ အများပြည်သူများ ယုံကြည်စွာ သောက်သုံးနိုင်ရန် နယ်စပ်အစားအသောက်နှင့်ဆေးဝါးစစ်ဆေးရေးဌာနအနေဖြင့် အချိန်မရွေး လာရောက် စစ်ဆေးဆေးနိုင်ကြောင်း နှင့် ယနေ့ ထွက်ပေါ်သည့် သတင်းများနှင့် ပတ်သက်၍ တော်ဝင်မြန်မာ သောက်ရေသန့်လုပ်ငန်း နှင့် မသက်ဆိုင်ကြောင်းကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နယ်စပ်အစားအသောက်နှင့်ဆေးဝါးစစ်ဆေးရေးဌာနသို့ စာပေးပို့၍ တင်ပြထားကြောင်း သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်တွင် ပြည်သူများက ဆန္ဒထုတ်ဖော်စဉ် ပေးဝေလာသည့် ရေသန့်ဗူးမှာ အပေါက်ပါနေပြီး ညှစ်ကြည့်ရာမှာ ရေများပန်းထွက်လာကြောင်း တွေ့ရှိ၍ facebook ပေါ်တွင် ဖြန့်ဝေရာမှ ပြန့်နှံ့သွားခဲ့ခြင်းကြောင်း နှင့် ယခု ပေးဝေသည့် ရေဗူးများမှာ တော်ဝင်မြန်မာက ပေးဝေခြင်း မဟုတ်ကြောင်း၊ ရောင်းချထားခြင်းသာဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

 

Tachileik News Agecny