ဖမ်းဆီးခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတစ်ခု ထပ်တိုးကာ တရားစွဲ

ဖမ်းဆီးခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မတစ်ခု ထပ်တိုးကာ တရားစွဲ
ဖေဖော်ဝါရီ 16, 2021 | နိုင်ငံရေး

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးထားသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ပထမဆုံး ရုံးထုတ်စစ်ဆေးခြင်းအား video conferencing ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့၌ ဆောင်ရွက်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုဒ်မတစ်ခု ထပ်တိုးလိုက်ကြောင်း သိရသည်။



စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးဖွဲ့ထားသည့် နစက၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲကျင်းပသည့်နေ့မှာပင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခြင်းအား လုပ်ဆောင်လာခြင်းဖြစ်သည်။



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် ကနဦး တရားစွဲထားရာမှ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅ ကိုပါ ထပ်တိုးလိုက်ခြင်းဖြစ်ပြီး နိုင်ငံတော် သမ္မတဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ ဖြင့် တရားစွဲထားခြင်းဖြစ်သည်။



Tachileik News Agency