မြစ်ကြီးနားတွင် သတင်းရယူနေသည့် သတင်းသမား (၅) ဦးကို စစ်တပ်က ဖမ်းဆီး

မြစ်ကြီးနားတွင် သတင်းရယူနေသည့် သတင်းသမား (၅) ဦးကို စစ်တပ်က ဖမ်းဆီး
ဖေဖော်ဝါရီ 14, 2021 | အခြားဒေသများ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လျှပ်စစ်မီးပေးနေသည့် ဘူးဂါးလျှပ်စစ်ရုံးဝင်းအတွင်း စစ်တပ်မှဝင်လာသဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ညပိုင်းက ပြည်သူများဆန္ဒထုတ်ဖေါ်နေသည်ကို သတင်းရယူထုတ်လွှင့်နေသည့် သတင်းသမား (၅) ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။



ဘူးဂါးလျှပ်စစ်ရုံးဝင်းရှေ့တွင် ဖြစ်ပွားနေသည့်အခြေအနေများကို သတင်းတိုက်ရိုက်ထုတ်လွှင့်ပေးနေသည့်The 74 media မှ ကိုထွယ်အောင်နှင့် ကိုနော်ဆိုင်း၊ Mizzima သတင်းဌာနမှ ကိုဆိုင်းလတ်အောင်၊  ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)မှ ကိုရန်ကောင်းနှင့် ကိုဝေယံတို့ကို ည (၉) နာရီအချိန်၌ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency