တရုတ်တိုင်းရင်းဆေးအဖြစ် အသုံးများသည့် ရှီးပဒီးကို များစွာ အသုံးပြုပါက ကျောက်ကပ်ထိခိုက်ပျက်စီးစေနိုင်ကြောင်း ထိုင်း ဆရာဝန်များအဖွဲ့ဆို

တရုတ်တိုင်းရင်းဆေးအဖြစ် အသုံးများသည့် ရှီးပဒီးကို များစွာ အသုံးပြုပါက ကျောက်ကပ်ထိခိုက်ပျက်စီးစေနိုင်ကြောင်း ထိုင်း ဆရာဝန်များအဖွဲ့ဆို

တရုတ်တိုင်းရင်းဆေးအဖြစ် အသုံးများသည့် ရှီးပဒီးကို များစွာ အသုံးပြုပါက ကျောက်ကပ်ထိခိုက်ပျက်စီးစေနိုင်ကြောင်း တွေ့ရှိရသည်ဟု ထိုင်းကျေးလက်ဆရာဝန်များအဖွဲ့က သတိပေးထားကြောင်း ထိုင်းနိုင်ငံ The Nation သတင်းတွင် ဖေါ်ပြထားသည်။

အစိုးရအနေဖြင့် ရှီးပဒီးထုတ်ကုန်များ ကြော်ငြာရောင်းချနေသည့် ကုမ္ပဏီများကို စောင့်ကြည့်ရန်ကိုလည်း ဆရာဝန်များက တောင်းဆိုထားသည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် ရှီးပဒီးတိုင်းရင်းဆေးရောင်းချမှုကို သတ်မှတ်ချက်များ တင်းကြပ်စွာဖြင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရှီးပဒီးတိုင်းရင်းဆေးမှာ အသက်အရွယ်ကြီးသူများကြား တွင်တွင်ကျယ်ကျယ် သုံးလာကြကြောင်း သိရသည်။

ယင်းအပြင် အဆိုပါဆရာဝန်အဖွဲ့မှ ဒေါက်တာ Mayuree Tangkiatkumijai က ကျန်းမာရေးမဂ္ဂဇင်းတွင် ရှီးပဒီးကြောင့် ကျောက်ကပ်ထိခိုက်မှုနှင့်ပတ်သက်၍ တွေ့ရှိချက်ကို ဇန်နဝါရီလ (၁၂)ရက်နေ့က ဖေါ်ပြထားသည်ဟု သိရသည်။

ဒေါက်တာ Mayuree ကုသပေးနေသည့် ကျောက်ကပ်လူနာများ ရှီးပဒီးကို နေ့စဉ်သုံးစွဲနေသည့်ကျောက်ကပ်လူနာတွင် ကျောက်ကပ်ဝေဒနာပိုဆိုးသည်ကိုတွေ့ရပြီး သုံးစွဲမှုရပ်လိုက်သည်နှင့် ကျောက်ကပ်၏ လုပ်ဆောင်ချက် ပြန်လည် တိုးတက်လာသည်ကို တွေ့ရသည်ဟု ၎င်း၏ လေ့လာတွေ့ရှိချက်ကို ပြောထားသည်။

အဆိုပါ ဆရာဝန်အဖွဲ့က ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနများအနေဖြင့် ရှီးပဒီးထုတ်ကုန်များကို အမွှမ်းတင်လွန်းသည့် ကြော်ငြာများနှင့် ပတ်သက်၍ သတိထားရန်ကိုလည်း ပြောကြားလိုက်သည်။

  Tachileik News Agency

Source: THE NATION

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။