ထိုင်းနိုင်ငံ စမုစခွန်မှ အလုပ်ရှင်က လမ်းဘေးတွင်ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား (၁၈)ဦးကို  မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပေးနေထိုင်းနိုင်ငံ စမုစခွန်မှ အလုပ်ရှင်က လမ်းဘေးတွင်ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား (၁၈)ဦးကို  မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပေးနေ

ဒီဇင်ဘာ 24, 2020 | အလုပ်သမားရေးရာ

ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်တွင် စမုစခွန်ခရိုင်မှ အလုပ်ရှင်က လာရောက်စွန့်ပစ်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၁၈) ဦး ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာအလုပ်သမား သံအရာရှိရုံးက ဆောင်ရွက်ပေးမည်ဟု ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၌ သတင်းထုတ်ပြန်သည်။

အဆိုပါ မြန်မာလုပ်သားများကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမားသံအရာရှိ ဦးသူရိန်လင်း၊ ဦးဝေမင်းအိမ်တို့သည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့က စမုပရာကန်ခရိုင် အလုပ်အကိုင်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကြောင်း သိရသည်။

ယင်းနောက် မြန်မာအလုပ်သမားသံအရာရှိများသည် မြန်မာရွှေ့ပြောင်းလုပ်သား (၁၈)ဦးကို  ယာယီစောင့်ရှောက်ထားရှိသည့်နေရာသို့ သွားရောက်ကာ ဆက်လက်ဆောင်ရွက်ပေးမည့် အခြေအနေများကို တွေ့ဆုံပြောကြားကြောင်း သိရသည်။

အဆိုပါမြန်မာ (၁၈) ဦးလုံးအား ပထမအကြိမ်ဆေးစစ်ဆေးရာတွင် COVID 19 ပိုးမရှိကြောင်း ဓာတ်ခွဲအဖြေရထားသည်ဟု သိရသည်။

Tachileik News Agency

ဓာတ်ပုံ - မြန်မာအလုပ်သမားသံအရာရှိရုံး