ယင်းမာပင်မြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ကျောက်ကုန်းရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့က ဒရုန်းဖြင့် (၆၀)မမ ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ပြီး သေဆုံးမှုကို အတည်မပြုနိုင်ပါ။

တိုက်ခိုက်မှုကို ULF(တပ်ပေါင်းစု) Comrade စစ်ကြောင်းမှ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ ဗျတ္တညီနောင်၊ နဂါးညီနောင်(DBTF)၊ ဒေသမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် NWPDF၊ ယင်းမာပင်ခရိုင် Drone Army၊ MTOF၊ အမိမြေ(တပ်ရင်း ၂၇)၊ PDA(တပ်ရင်း ၃၅)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ (၃)ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမပျူစောထီးစခန်းကို ၎င်းတော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီး (၃)လုံးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Video : ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး