စစ်တပ်အတွင်း မတရားဖမ်းဆီးခံထားရသူတစ်ဦးကို ကြိုးတုပ်နေပူလှန်းပြီး ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာ

 မတရားဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦးအား အာဏာသိမ်းစစ်တပ်အတွင်း ကြိုးတုပ်ကာ နေပူလှန်းထားပြီး စစ်သား(၂)ဦးမှာ ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့ နေ့လည်ပိုင်းတွင် ထွက်ပေါ်လာသည်။

အဆိုပါဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းအတွင်းက စစ်တပ်ဖြစ်ပြီး ယနေ့ အောက်တိုဘာလ(၂၀)ရက်နေ့၏ ပြန်လည်မျှဝေသူများက ဖော်ပြထားကြသော်လည်း Tachileik News Agency အနေဖြင့် တည်နေရာကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

 

Video: CJ