တောင်ကြီးမှ ရန်ကုန်ရောက်ရောက်ချင်း စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသူတွင် COVID 19 ပိုးတွေ့

တောင်ကြီးမှ ရန်ကုန်ရောက်ရောက်ချင်း စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသူတွင် COVID 19 ပိုးတွေ့
သြဂုတ် 25, 2020
By Tachileik News Agency
တောင်ကြီးမှ ရန်ကုန်ရောက်ရောက်ချင်း စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသူတွင် COVID 19 ပိုးတွေ့
၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့ညပိုင်း၌ ထပ်တိုးလာသည့် COVID 19 အတည်ပြုလူနာများတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားလာခဲ့ဖူးသူ (၁၆)ဦးနှင့် ပြည်ပခရီးသွားလာခြင်းမရှိ အတည်ပြုလူနာ(၁)ဦးနှင့် ထိတွေ့ခြင်း မရှိသည့် ရန်ကုန်ဆေးရုံကြီးမှ စောင့်ကြည့်လူနာ(၁)ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီးရှိ စောင့်ကြည့်လူနာ(Case 477)မှာ တောင်ကြီးမြို့မှ သြဂုတ်လ (၂၂)ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်လာပြီး ဖျားနာချောင်းဆိုး၍ ယင်းနေ့မှာပင် ရန်ကုန်ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ်လ (၂၅)ရက်နေ့ညပိုင်း ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် စစ်တွေမှ (၁၀)ယောက်၊  စစ်တွေမြို့ကိုသွားခဲ့သည့်  ခရီးသွားရာဇဝင်ရှိ၍ အသွားအလာကန့်သတ်ထားသည့်  ပေါက်တော မြို့နယ်မှ (၁၀)ယောက်၊  မော်လမြိုင်မြို့နယ်မှ (၁)ယောက်၊  ကျောက်ဖြူမြို့နယ်မှ (၃)ယောက်၊ ရန်ကုန်မှ (၂)ယောက်အပြင် ပြည်ပမှပြန်လာ၍ ရန်ကုန်တွင် အသွားအလာ ကန့်သတ်ထားသူ (၁)ယောက်၊ ပြည်ပခရီးရာဇဝင်မရှိ အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိသည့်   ရန်ကုန်ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ယောက်တို့တွင် COVID 19 ပိုးများ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~