တာချီလိတ်မြို့တွင် ပြည်တော်ပြန်မည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို တရားရုံးတင်ကာ ငွေ ကျပ်(၃)သိန်း ဒဏ်ရိုက်

တာချီလိတ်မြို့တွင် ပြည်တော်ပြန်မည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို တရားရုံးတင်ကာ ငွေ ကျပ်(၃)သိန်း ဒဏ်ရိုက်
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ပြည်တော်ပြန်မည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို တရားရုံးတင်ကာ ငွေ ကျပ်(၃)သိန်း ဒဏ်ရိုက်
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြို့နယ်တရားရုံးတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်က ပြည်တော်ပြန်လိုသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် တစ်ဦးလျှင် ဒဏ်ငွေကျပ် (၃)သိန်း  ချမှတ်လိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် COVID 19 ဒေသတွင်းကူးစက်မှုဖြစ်လာချိန်၌ ပြည်တော်ပြန်လိုသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများ နယ်စပ်မှခိုးဝင်ခြင်းအား ထိုင်းနိုင်ငံက တင်းကြပ်စွာ တားမြစ်လိုက်ရာ ထိုင်းနိုင်ငံဘက် တရားဝင် ပြန်နိုင်ရေးအတွက် ပြည်တော်ပြန်လိုကြောင်း တာချီလိတ်ဘက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ ဆက်သွယ် စာရင်းပေးလာသည့် ထိုင်းနိုင်ငံသားများအနက် တရားဝင်အထောက်အထားမရှိသူများအား ပြစ်ဒဏ်ချမှတ်ပြီး ထိုင်းဘက်သို့ တရားဝင် လွှဲပေးသွားမည်ဖြစ်သည်။
တာချီလိတ်မြို့နယ်တရားရုံး၌ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ပထမအသုတ်အဖြစ် တရားဝင်အထောက်အထားမရှိသည့် ထိုင်းနိုင်ငံသား (၄၀) ဦးကို ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး ယင်းတို့အနက် (၂)ဦးမှာ အတည်ပြုလူနာဖြစ်၍ ကုသဆေင်သို့ ပို့ဆောင်ထားခြင်းဖြစ်ပြီး တရားရုံးသို့ (၃၈)ဦး လာရောက်ခြင်းဖြစ်သည်။
အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများအား အမြင့်ဆုံးဒဏ်ငွေ (၅)သိန်းအထိ ချမှတ်နိုင်ပြီး ငွေဒဏ်မဆောင်နိုင်ပါက ထောင်ဒဏ် (၆)လ ချမှတ်နိုင်သည့် ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃(၁) ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ငွေဒဏ်ပေးဆောင်ပြီးသူများကို ထိုင်းနိုင်ငံဘက်သို့ ချက်ချင်းလွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~