မိုင်းယောင်းမြို့၌ တာချီလိတ်က ပြန်လာသည့် အမျိုးသမီး (၂)ဦးတွင် Covid-19 ထပ်မံတွေ့ရှိ

မိုင်းယောင်းမြို့၌ တာချီလိတ်က ပြန်လာသည့် အမျိုးသမီး (၂)ဦးတွင် Covid-19 ထပ်မံတွေ့ရှိ
ဒီဇင်ဘာ 5, 2020
By Tachileik News Agency

မိုင်းယောင်းမြို့၌ တာချီလိတ်က ပြန်လာသည့် အမျိုးသမီး (၂)ဦးတွင် Covid-19 ထပ်မံတွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့တွင် တာချီလိတ်မှပြန်လာ၍ quarantine ထားသည့် အမျိုးသမီး (၂) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့၌ ညနေပိုင်း၌ စစ်ဆေးတွေ့ရသည်။
အဆိုပါ အမျိုးသမီး(၂)ဦးမှာ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုအတွင်းထဲက စားသောက်ဆိုင်များတွင် အလုပ် လုပ်ပြီး ပြန်လာကြသူများဖြစ်၍ မိုင်းယောင်း၌ အသွားအလာကန့်သတ်ထားပြီး RDT ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း နှင့် ဆက်လက်၍ ၎င်းတို့ အလုပ် လုပ်ကိုင်ခဲ့သည့် စားသောက်ဆိုင်များ၏ အမည်များကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
မိုင်းယောင်း၌ အတည်ပြုလူနာ (၂)ဦးထပ်တိုးလာသဖြင့် ဒီဇင်ဘာလ (၅)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၅)ဦးရှိလာပြီး အတည်ပြုလူနာအားလုံးမှာ တာချီလိတ်မှ ပြန်လာကြသူများဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~