ကျောက်မဲမြို့နယ်အတွင်းမှ ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု(၂၆၁)စုကို ICRC က ထောက်ပံ့ငွေ နောက်ဆုံးအကြိမ်ပေးအပ်

ကျောက်မဲမြို့နယ်အတွင်းမှ ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု(၂၆၁)စုကို ICRC က ထောက်ပံ့ငွေ နောက်ဆုံးအကြိမ်ပေးအပ်
ဒီဇင်ဘာ 10, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်းမှ ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု(၂၆၁)စုကို ICRC က ထောက်ပံ့ငွေ နောက်ဆုံးအကြိမ်ပေးအပ်
 
ကျောက်မဲမြို့နယ်အတွင်း  ရွှေ့ပြောင်းလာရောက် နေထိုင်သူ၊ အိမ်ငှားနေထိုင်သည့် မိသားစုများအား ကိုဗစ်ကာလ အရေးပေါ်ထောက်ပံ့ငွေ နောက်ဆုံးအကြိမ်အဖြစ် နိုင်ငံတကာကြက်ခြေနီ ကော်မတီ ICRC မှ ဒီဇင်ဘာ လ(၁၀)ရက်နေ့ နံနက်ပိုင်းက အိမ်ထောင်စု (၂၆၁)စုကို ထောက်ပံ့ငွေ ပေးအပ်ကြောင်း သိရသည်။
"စစ်ဘေးရှောင်လာပြီး ကျောက်မဲမှာ လာနေတာပဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် နေရပ်စွန့်ခွာပြီး အိမ်ငှားအနေနဲ့ မြို့ပေါ် လာနေကြတဲ့ မိသားစုတွေကို ကိုဗစ်ကာလအတွက် အရေးပေါ်ထောက်ပံ့ငွေ ပေးအပ်တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလကနေ စတင်ထောက်ပံ့ခဲ့တာ ဖြစ်ပြီး အခုက တတိယအကြိမ်/ နောက်ဆုံးအကြိမ် ( ၂ လ စာ )လဲ ဖြစ်ပါတယ်"ဟု နိုင်ငံတကာ ကြက်ခြေနီကော်မတီ  ICRC ( လားရှိုး) မှ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်လော့ က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ပြောသည်။
နောက်ဆုံးအကြိမ် ထောက်ပံ့ပေးမှုတွင် အိမ်ထောင်စုတစ်စုရှိ လူတစ်ဦးလျှင် ကျပ် (၂၅,၀၀၀)ဖြင့် (၂)လစာအဖြစ် ကျပ်(၅၀,၀၀၀)ထောက်ပံ့ပေးခြင်း ဖြစ်ပြီး မိသားစုတစ်စုလျှင် (၁)ဦးမှ (၇)ဦးအထိ ဒီဇင်ဘာလ(၁၀)ရက် နံနက်ပိုင်းက ကျောက်မဲမြို့ရှိ  မြို့တော်ခန်းမအတွင်း Social Distanced စနစ်ဖြင့် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
စက်တင်လမှ ဒီဇင်ဘာလ (၁၀)ရက်အထိ ကျောက်မဲမြို့ရှိ မိသားစု/အိမ်ထောင်စု  စုစုပေါင်း (၅၆၁)စု မှ
လူဦးရေ (၂,၇၁၅)ဦးကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ပထမ/ ဒုတိယ အကြိမ်က ထောက်ပံ့ငွေရရှိသူ အိမ်ထောင်စု (၃၀၀)သည် တစ်ဦးလျှင် ( ၃ လစာ ကျပ် ၇၅၀၀၀ ) ရရှိခဲ့ပြီး ယခု နောက်ဆုံးအကြိမ် အိမ်ထောင်စု(၂၆၁)စုမှာ ( ၂ လစာ ကျပ် ၅၀,၀၀၀ )စီ ရရှိခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ လားရှိုး၊  နမ့်ခမ်း စသည့်မြို့များအပါအဝင် ICRC က ထောက်ပံ့ငွေ ပေးအပ်ခဲ့သည့် အိမ်ထောင်စု စုစုပေါင်း (၁၂၆၅)စုရှိပြီး၊ ပျမ်းမျှလူဦးရေ (၆,၃၀၀)ရှိသည်ဟု သိရသည်။
  Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 



~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~