နောင်ချိုမြို့နယ်အတွင်းရှိ တိမ်ပင်လယ်အပန်းဖြေစခန်းသို့ အတည်ပြုလူနာနှင့် ထိတွေ့သူ သွားလာခဲ့၍ နိုဝင်ဘာလ (၂၁)ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ထားမည်

နောင်ချိုမြို့နယ်အတွင်းရှိ တိမ်ပင်လယ်အပန်းဖြေစခန်းသို့ အတည်ပြုလူနာနှင့် ထိတွေ့သူ သွားလာခဲ့၍ နိုဝင်ဘာလ (၂၁)ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ထားမည်
နိုဝင်ဘာ 20, 2020
By Tachileik News Agency

 

နောင်ချိုမြို့နယ်အတွင်းရှိ တိမ်ပင်လယ်အပန်းဖြေစခန်းသို့ အတည်ပြုလူနာနှင့် ထိတွေ့သူ  သွားလာခဲ့၍ နိုဝင်ဘာလ (၂၁)ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ထားမည်

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာမှ သွားရောက်ရသည့် “တိမ်ပင်လယ် အပန်းဖြေစခန်း”သို့ သွားရောက်လည်ပတ်ခဲ့သူများတွင် COVID 19 အတည်ပြုလူနာနှင့် ထိတွေ့သူများ ပါဝင်ခဲ့သဖြင့် အဆိုပါနေရာကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားတော့မည်ဖြစ်သည်။
“တိမ်ပင်လယ်အပန်းဖြေစခန်းက ကိုဗစ် စဖြစ်ပါပြီဆိုကတည်းက ပိတ်ထားခိုင်းတာပါ။ ပိတ်ခိုင်းထားတာ ကြာပါပြီ။ အခုတလောမှာကျတော့ ရပ်ဝေးရပ်နီးက လူတွေက အဲဒီကို ခရီးသွားကြတာတွေ၊ အပန်းဖြေသွားကြတာတွေ ပြန်ရှိလာတယ်။ အခုကကျတော့ ဒေသထဲမှာလည်း ရောဂါပိုးတွေ့သူတွေ ရှိလာတဲ့အတွက် Stay at Home လိုမျိုး အဲဒီတိမ်ပင်လယ်ကို မနက်ဖန်ကနေစပြီး ပိတ်ထားဖို့ ကျန်းမာရေးဌာနကနေ စာထုတ်လိုက်တာပါ” ဟု  နောင်ချိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်းတွင် ပြောသည်။
တိမ်ပင်လယ်အပန်းဖြေစခန်းသို့ နိုဝင်ဘာလ (၁၉)ရက်နေ့က သွားရောက်ခဲ့သူများတွင် နိုဝင်ဘာလ (၂၀) ရက်နေ့က ပိုးတွေ့ခဲ့သူနှင့် ထိတွေ့သူလည်း ပါဝင်နေကြောင်း သိရသည်။
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာမှ သွားရောက်ရသည့် “တိမ်ပင်လယ် အပန်း ဖြေစခန်း” တွင် နှစ်စဉ် ဆောင်းရာသီ၌ လာရောက်လည်ပတ်သူများပြားလေ့ရှိပြီး မနက်အစောပိုင်းတွင် ထွက်တတ်သည့် တိမ်များနှင့် အလှဓါတ်ပုံလာရောက်ရိုက်ကူးသူ များပြားလေ့ရှိရာ လက်ရှိတွင် သွားလာလည်ပတ်ခွင့်ကို ပိတ်ထားမည်ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~