တာချီလိတ်မြို့ရှိ မြို့မဈေး နှင့် ယာယီဈေးတို့တွင် Covid-19 ကာကွယ်ရေးအတွက် အသိပေးမှုများ လုပ်ဆောင်နေ

တာချီလိတ်မြို့ရှိ မြို့မဈေး နှင့် ယာယီဈေးတို့တွင် Covid-19 ကာကွယ်ရေးအတွက် အသိပေးမှုများ လုပ်ဆောင်နေ
အောက်တိုဘာ 13, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ မြို့မဈေး နှင့် ယာယီဈေးတို့တွင် Covid-19 ကာကွယ်ရေးအတွက် အသိပေးမှုများ လုပ်ဆောင်နေ

တာချီလိတ်မြို့မဈေး နှင့် ယာယီဈေးအတွင်း‌ ဈေးရောင်း ဈေးဝယ်များ Covid-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များတပ်ကြရန် နှင့် သတ်မှတ်ချက်များ လိုက်နာကြရင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေး ဌာနမှ တာဝန်ရှိသူများက လိုက်လံ အသိပေးနေလျက်ရှိသည်။

တာချီလိတ်မြို့နှင့် နီးသည့် မိုင်းဆတ်မြို့ နှင့် မိုင်းတုံမြို့တို့တွင် အောက်တိုဘာလ(၁၂)ရက်နေ့က Covid-19 အတည်ပြုလူနာ (၂)ဦးတွေ့ရှိသည့်အတွက် တာချီလိတ်မြို့တွင်လည်း ယနေ့ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ဆက်လက်၍ အသိပေးမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့ပေါ်တွင် အပြင်ထွက် သွားလာနေသူများအနေဖြင့် နှာခေါင်းစည်း(Mask)မတပ်ပါက ကျပ်(၂၀၀) ဒဏ်ငွေသတ်မှတ်သည့် အစီအစဉ်အဖြစ် လမ်းဆုံများတွင် လုပ်ဆောင်နေလျက်ရှိပြီး စားသောက်ဆိုင်များအနေဖြင့်လည်း ပါဆယ်စနစ်ဖြင့် ရောင်းချရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်စည်ပင်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~