ဘရာဇီးနိုင်ငံတွင် COVID-19 ကာကွယ်ဆေး စမ်းသပ်မှု ခံယူသူတစ်ဦး သေဆုံး

ဘရာဇီးနိုင်ငံတွင် COVID-19 ကာကွယ်ဆေး စမ်းသပ်မှု ခံယူသူတစ်ဦး သေဆုံး
အောက်တိုဘာ 22, 2020
By Tachileik News Agency
ဘရာဇီးနိုင်ငံတွင် COVID-19 ကာကွယ်ဆေး စမ်းသပ်မှု ခံယူသူတစ်ဦး သေဆုံး
အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZenceca တို့ထုတ်လုပ်သည့် COVID 19 ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံ၌ စမ်းသပ်ထားသူ (၁)ဦး သေဆုံးသွားသော်လည်း ကာကွယ်ဆေးကို ဆက်လက်စမ်းသပ်မည်ဖြစ်ကြောင်း ဘရာဇီးအမျိုးသားကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။
COVID 19 ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်စမ်းသပ်ခံရန်ကိုယ်တိုင်ဆန္ဒပြုပါဝင်သည့် အဆိုပါ စေတနာ့ ဝန်ထမ်းကို ကာကွယ်ဆေး ထိုးဆေး သို့မဟုတ် သောက်ဆေး မည်သည့် အမျိုးအစားပေးထားသည်ကို အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
ကာကွယ်ဆေး စမ်းသပ်ခံရန် ကိုယ်တိုင်ဆန္ဒပြုထားသူ သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်လာခြင်းမရှိသေးသော်လည်း အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေကြောင်းနှင့် ကာကွယ်ဆေးစမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဗြိတိန်တက္ကသိုလ်၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ကာကွယ်ဆေးစမ်းသပ်ခံသူမှာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနီယိုတွင် နေထိုင်သည့် အသက် (၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံတွင် COVID 19 ကြောင့် လူပေါင်း တစ်သိန်းခွဲကျော်သေဆုံးခဲ့ရပြီး ကမ္ဘာတွင် COVID 19 ကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့သဖြင့် နိုင်ငံတွင်း ဆေးသုတေသနဌာနများတွင် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်နှင့် ကာကွယ်ဆေးဝယ်ယူနိုင်ရန် ဘရာဇီးအစိုးရက စီစဉ်နေခြင်းဖြစ်သည်။
AstraZeneca ၏ COVID 19 ကာကွယ်ဆေးကို ဗြိတိန်တွင် စမ်းသပ်ထိုးနှံမှုအတွင်း စမ်းသပ်ထိုးနှံမှုခံယူသူတစ်ဦး အပြင်းအထန်းဖျားနာခဲ့ပြီးနောက် အဆိုပါကုမ္ပဏီ၏ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုကို အမေရိကန်ပြည်ထောင်စုက ဆိုင်းငံ့ထားကြောင်း သိရသည်။
Tachileik News Agency
Source: aljazeera

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~