ကျောက်မဲမြို့နယ်အတွင်း ပုံဝိုးဒေသတွင် တိုက်ပွဲဖြစ်၍ ဒေသခံ (၅၀၀)ကျော် တိမ်းရှောင်နေရ

ကျောက်မဲမြို့နယ်အတွင်း ပုံဝိုးဒေသတွင် တိုက်ပွဲဖြစ်၍ ဒေသခံ (၅၀၀)ကျော် တိမ်းရှောင်နေရ
အောက်တိုဘာ 4, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း ပုံဝိုးဒေသတွင် တိုက်ပွဲဖြစ်၍  ဒေသခံ (၅၀၀)ကျော် တိမ်းရှောင်နေရ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ် ပုံဝိုးဒေသတွင် အောက်တိုဘာလ (၃)ရက်နှင့် (၄)ရက်တို့၌ တပ်မတော်နှင့် RCSS/SSA တို့ ထိတွေ့ ပစ်ခတ်မှုများ ရှိခဲ့သည့်အတွက် အနီးနားကျေးရွာများမှဒေသခံ လူဦးရေ (၅၀၀)ကျော်သည် တိမ်းရှောင်နေရကြောင်း သိရသည်။
"အဲ့ဒီတိမ်းရှောင် လာကြသူတွေကို စားနပ်ရိက္ခာတွေသွားပြီးကူညီ ပေးခဲ့ပါတယ်။ တောင်ထိပ်ကျေးရွာ ဘုန်းကြီး ကျောင်းမှာက လူဦးရေ (၄၀၀)ကျော်ရှိတယ်၊ အခုထိတော့ ပစ်ခတ်သံ တစ်ချို့ရှိနေတုန်းပဲလို့ သိရတယ်"ဟု စစ်ရှောင်များအား သွားရောက်ကူညီပေးခဲ့သည့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ကိုစိုင်းနေအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နှစ်ဖက် အခြေအနေတင်းမာနေခြင်းများကြောင့် အနီးနား ကျေးရွာများမှ ဒေသခံများက စစ်ဘေး တိမ်းရှောင်လာကြခြင်း ဖြစ်ပြီး တိမ်းရှောင်လာကြသူများမှာ တောင်ထိပ်ကျေးရွာ ဘုန်းကြီး ကျောင်းအပါအဝင် (၂)နေရာ ခွဲနေပြီး စုစုပေါင်း လူဦးရေ (၅၆၀)ကျော်ရှိသည်ဟု သိရသည်။
"နှစ်ဖက်အခြေအနေကတော့ တင်းမာနေဆဲပါ။ ကျွန်မတို့လဲ စစ်ရှောင်တွေကို ရိက္ခာတွေ သွားကူညီခဲ့ပါတယ်"ဟု RCSS/ SSA ၏ ကျောက်မဲ ပြန်ကြားရေးရုံးတာဝန်ခံက ပြောသည်။
အောက်တိုဘာလ (၃)ရက်နေ့က စတင်၍ ကျောက်မဲမြို့နယ်အတွင်းရှိ ပန်လော့ကျေးရွာနှင့် ဟဲကွီကျေးရွာများအနီး တပ်မတော်နှင့် RCSS/SSA တို့ ထိတွေ့မှုများကြောင့် စစ်ဘေးရှောင်လာသူအချို့ရှိနေကာ အောက်တိုဘာ (၄)ရက်နေ့တွင် ပုံဝိုးဒေသ၌ စစ်ဘေးရှောင်လာသူများတိုးပွားလာခြင်းဖြစ်သည်ဟုသိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့် 
ဓါတ်ပုံ - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း  
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~