မြန်မာ - တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့သို့ ကျောက်စိမ်းတုံးများ တရားမဝင် သယ်လာသည့် မော်တော်ယာဉ် (၂)စီး ဖမ်းမိ

မြန်မာ - တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့သို့ ကျောက်စိမ်းတုံးများ တရားမဝင် သယ်လာသည့် မော်တော်ယာဉ် (၂)စီး ဖမ်းမိ
အောက်တိုဘာ 16, 2020
By Tachileik News Agency

မြန်မာ - တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့သို့ ကျောက်စိမ်းတုံးများ တရားမဝင် သယ်လာသည့် မော်တော်ယာဉ် (၂)စီး ဖမ်းမိ

မြန်မာ - တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့သို့ ကျောက်စိမ်းအရိုင်းတုံးများကို မော်တော်ယာဉ် (၂) စီးတွင် အံဝှက်များအတွင်း ထည့်သွင်း၍ တရားမဝင်သယ်လာသည်ကို ရဲတပ်ဖွဲ့၊ အကောက်ခွန်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သည့် အဖွဲ့က ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့အဝင် အေးရှားဝေါတိုးဂိတ်၌ အောက်တိုဘာလ (၁၆) ရက်နေ့ နေ့လယ် (၁၂) နာရီဝန်းကျင်က လားရှိုးမြို့ဘက်မှ မောင်းနှင်လာသော Hilux အမျိုးအစား ယာဉ်နှစ်စီးကို မူဆယ်မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးရာ ယာဉ်၏ ကြမ်းခင်း၌ အံဝှက်လုပ်၍ သယ်လာသည့် ကျောက်စိမ်းတုံးများအား စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းများ တရားမဝင်သယ်လာသည့် မော်တော်ယာဉ်မှ ယာဉ်မောင်း အောင်လှိုင်မြင့်နှင့် ရဲမြင့်ထွန်း၊ ယာဉ် (၂)စီးတွင် လိုက်ပါလာသည့် ချစ်ကိုဝင်းနှင့် ခွန်ဇော်မင်းလှိုင်တို့အား  မူဆယ်မြို့မရဲစခန်းတွင် စစ်ဆေးဆဲဖြစ်ပြီး ဖမ်းဆီးရမိသည့် ကျောက်စိမ်းတုံးများကို စိစစ်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ- ရဲတပ်ဖွဲ့
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~