မူဆယ်မြို့က အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် ကျောက်မဲမြို့မှ ယာဉ်မောင်းထံက (၁၉)ရက်အကြာတွင် Covid-19 တွေ့

မူဆယ်မြို့က အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် ကျောက်မဲမြို့မှ ယာဉ်မောင်းထံက (၁၉)ရက်အကြာတွင် Covid-19 တွေ့
အောက်တိုဘာ 27, 2020
By Tachileik News Agency
မူဆယ်မြို့က အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် ကျောက်မဲမြို့မှ ယာဉ်မောင်းထံက (၁၉)ရက်အကြာတွင် Covid-19 တွေ့
မူဆယ်မြို့ရှိ Covid-19 အတည်ပြုလူနာ ယာဉ်မောင်းဖြစ်သူနှင့် ထိတွေ့မှုရှိခဲ့သည့် ကျောက်မဲမြို့က ယာဉ်မောင်းထံက အောက်တိုဘာလ (၂၆)ရက်နေ့တွင် Covid-19 တွေ့ရှိကြောင်း သိရသည်။

ပိုးတွေ့ရသည့် ကျောက်မဲမြို့က ယာဉ်မောင်းသည် မူဆယ်မြို့ရှိ အတည်ပြုလူနာနှင့် အောက်တိုဘာလ(၇)ရက်နေ့က ထိတွေ့ခဲ့သူဖြစ်ပြီး ၎င်းသည် မန္တလေး - အောင်ပန်း - တောင်ကြီး ခရီးစဉ်များမှတဆင့် အောက်တိုဘာလ (၁၉)ရက်နေ့က ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။

အဆိုပါ ယာဥ်မောင်းသည် အောက်တိုဘာ (၁၉)ရက်တွင် ကျောက်မဲမြို့သို့ ပြန်ရောက်ခဲ့သော်လည်း Quarantine ချက်ချင်း မဝင်ခဲ့ဘဲ မိမိနေအိမ်၌သာ နေထိုင်နေခဲ့ကာ အောက်တိုဘာ (၂၃)ရက်နေ့တွင် ကျောက်မဲခရိုင် ကျန်းမာရေးဌာနက သွားရောက်ခေါ်ယူပြီး Quarantine Center သို့ ပို့ဆောင်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။ 
၎င်းသည် မိမိနေအိမ်၌ အောက်တိုဘာလ (၁၉)ရက်နေ့ညမှ (၂၃)ရက်နေ့အထိ မိသားစုဝင် (၁၀)ဦးနှင့်အတူ နေထိုင်ခဲ့ပြီး ၎င်းမောင်းလာသော ကုန်တင်ယာဥ်ကို အခြား ယာဥ်မောင်းတစ်ဦးက မောင်းနှင်၍ ခရီးဆက်သွားခဲ့ရာ လက်ရှိတွင် အဆိုပါ ယာဥ်သည် မူဆယ်မှတစ်ဆင့် တရုတ်ပြည် ဝမ်တိန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
အောက်တိုဘာလ (၂၅)ရက်နေ့က ကျောက်မဲရှိ Quarantine center များ၌ ထားရှိသူများကို နှာခေါင်း/ အာခေါင် တို့ဖတ် နမူနာရယူကာ ဓါတ်ခွဲအဖြေရယူခဲ့ရာမှ (၂၆)ရက်နေ့က ရရှိသောအဖြေတွင် အဆိုပါယာဥ်မောင်း၌ Covid-19 ပိုးတွေ့ရှိခဲ့သည့် အတွက် ပိုးတွေ့သူ ယာဥ်မောင်းကို ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံရှိ Isolation Ward ၌ ပို့ဆောင်ထားပြီး တစ်အိမ်တည်းနေခဲ့သော မိသားစုဝင် (၁၀) ဦးကိုလဲ Facility Quarantine ၌ သီးသန့်ထားရှိထားသည်ဟု သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~