ရန်ကုန်နှင့် နေပြည်တော်မှ မကွေးတိုင်းအတွင်းသို့ ပြန်လာသူ (၂)ဦးတွင် COVID 19 ပိုးတွေ့

ရန်ကုန်နှင့် နေပြည်တော်မှ မကွေးတိုင်းအတွင်းသို့ ပြန်လာသူ (၂)ဦးတွင် COVID 19 ပိုးတွေ့
စက်တင်ဘာ 12, 2020
By Tachileik News Agency
ရန်ကုန်နှင့် နေပြည်တော်မှ မကွေးတိုင်းအတွင်းသို့ ပြန်လာသူ (၂)ဦးတွင် COVID 19 ပိုးတွေ့
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက ထပ်တိုးလာသည့် COVID 19 အတည်ပြုလူနာ (၂)ဦးမှာ ရန်ကုန်နှင့် နေပြည်တော်မှ ပြန်လာသူများဖြစ်ပြီး home quarantine နှင့် facility quarantine နေထိုင်သူများဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှ အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပြန်လာ၍ နေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်စေရာမှ စက်တင်ဘာလ (၆)ရက်နေ့၌ နှာပိတ်ပြီး ကိုယ်လက်မအီမသာဖြစ်၍ လင်းကယ်တိုက်နယ်ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မကွေးမြို့မှ အသက် (၄၁)နှစ်အရွယ် အမျိုးသားမှာ နေပြည်တော်မှပြန်လာ၍ facility quarantine သို့ ဆက်သွယ်ကာ အသွားအလာကန့်သတ်နေထိုင်ရာမှ အနံ့ပျောက်သဖြင့် စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်မှ home quarantine နေသူ၏ မိသားစုဝင်များကို စက်တင်ဘာလ (၁၂)ရက်နေ့တွင် quarantine ထားရှိကာ ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ပြီး ကျန်ထိတွေ့သူများအား ကျန်းမာရေးဦးစီးဌာနက ဆက်လက်ဖေါ်ထုတ်နေခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ (၁၂)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ (၁၀)ဦးတွေ့ရသည့်အနက် (၃)ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်သည်။
မြန်မာနိုင်ငံအတွင်း၌ စက်တင်ဘာလ(၁၂)ရက်နေ့ ည(၈)နာရီအချိန်အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂,၅၉၅)ဦးအထိ ရှိနေကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~