လာအိုနိုင်ငံမှ လျှပ်စစ်မီးကို သုံးစွဲနေသည့် ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် စက်တင်ဘာလ(၁၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်

လာအိုနိုင်ငံမှ လျှပ်စစ်မီးကို သုံးစွဲနေသည့် ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် စက်တင်ဘာလ(၁၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်
စက်တင်ဘာ 11, 2020
By Tachileik News Agency

လာအိုနိုင်ငံမှ လျှပ်စစ်မီးကို သုံးစွဲနေသည့် ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် စက်တင်ဘာလ(၁၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်

လာအိုနိုင်ငံမှ လျှပ်စစ်မီးကို သုံးစွဲနေရသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် စက်တင်ဘာလ(၁၂)ရက်နေ့တွင် တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း တာလေ/ကျိုင်းလပ်မြို့မီးလင်းရေးရုံးက အသိပေးထားရှိသည်။
လာအိုနိုင်ငံ နမ့်ထားလျှပ်စစ်ဓါတ်အားခွဲရုံတွင် 115KV လိုင်း နှင့် 22KV လိုင်းများကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဖြစ်သည့်အတွက် တာချီလိတ်ခရိုင်အတွင်းရှိ ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည် ဖြစ်သည်။
 တာချီလိတ်ခရိုင်အတွင်း၌ တာချီလိတ်မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာအုပ်စုများတွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ရယူသုံးစွဲနေခြင်း ဖြစ်ပြီး ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် လာအိုနိုင်ငံမှ လျှပ်စစ်မီးကို ရယူ သုံးစွဲနေခြင်း ဖြစ်ရာ တစ်ဖက်နိုင်ငံမှ လျှပ်စစ်မီး ပြုပြင်ရန်ရှိသည့်အခါမျိုးတွင် ယခုလို လျှပ်စစ်မီး ပြတ်တောက်လေ့ရှိကြောင်း သိရှိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~