ဓါတ်ခွဲနမူနာ (၁၆၄၂)ခုထဲက (၃၈)ခုတွင် Covid-19 ပိုးတွေ့၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၁၁၇၁)ဦးရှိလာ

ဓါတ်ခွဲနမူနာ (၁၆၄၂)ခုထဲက (၃၈)ခုတွင် Covid-19 ပိုးတွေ့၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၁၁၇၁)ဦးရှိလာ
စက်တင်ဘာ 4, 2020
By Tachileik News Agency
ဓါတ်ခွဲနမူနာ (၁၆၄၂)ခုထဲက (၃၈)ခုတွင် Covid-19 ပိုးတွေ့၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၁၁၇၁)ဦးရှိလာ
ဓာတ်ခွဲဌာန (၄)ခုနှင့် ပြည်သူ့ဆေးရုံ (၈)ခုတို့တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့အတွက် ဓာတ်ခွဲနမူနာ (၁၆၄၂) ခုအား စစ်ဆေးရာ COVID 19 အတည်ပြုလူနာ (၃၈)ဦးထပ်တွေ့ရသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၁၁၇၁)ဦးရှိပြီဖြစ်သည်။
ဓာတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၊ ဆေးသုတေသနဦးစီးဌာန၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)၊ ကျောက်ဖြူပြည်သူ့ဆေးရုံ၊ ပုသိမ်ပြည်သူ့ဆေးရုံ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)၊ မြောင်းမြပြည်သူ့ဆေးရုံ၊ ပြင်ဦးလွင်ပြည်သူ့ဆေးရုံ၊ ဘားအံပြည်သူ့ဆေးရုံ၊ ဟားခါးပြည်သူ့ဆေးရုံနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ (၄)ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာများမှ ဆေးရုံဆင်းခွင့်ရသူ (၃၅၆)ဦးနှင့် သေဆုံးသူ (၇)ဦးရှိခြင်းဖြစ်သည်။
ယနေ့ညပိုင်းတွင် ရန်ကုန်တိုင်းအတွင်း အတည်ပြုလူနာတွေ့ရသည့် မြို့နယ် (၄)ခု ထပ်တိုးလာသဖြင့် ရန်ကုန်တိုင်းအတွင်း အတည်ပြုလူနာတွေ့ရသည့် မြို့နယ် စုစုပေါင်း(၃၆)ခုရှိပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~