တာလေမြို့ နားဟိုင်းလုံကျေးရွာအဝင်ရှိ တံတားတစ်စီး တောင်ကျရေကြာင့် မျောပါပျက်စီး

တာလေမြို့ နားဟိုင်းလုံကျေးရွာအဝင်ရှိ တံတားတစ်စီး တောင်ကျရေကြာင့် မျောပါပျက်စီး
စက်တင်ဘာ 24, 2020
By Tachileik News Agency
တာလေမြို့ နားဟိုင်းလုံကျေးရွာအဝင်ရှိ တံတားတစ်စီး တောင်ကျရေကြာင့် မျောပါပျက်စီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားဟိုင်းလုံကျေးရွာအဝင်ရှိ တံတားတစ်စီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့က တောင်ကျရေကြောင့် မျောပါသွားသဖြင့် ဆိုင်ကယ်များ ဖြတ်သန်းနိုင်ရန် ယာယီတံတားတစ်စီး ပြုလုပ်ထားကြောင်း သိရသည်။
“အခုကတော့ ယာယီသွားလို့ရအောင်တော့ လုပ်ပေးခဲ့ပါပြီ။ သံဘောင်တွေနဲ့ ကားငယ်တွေသွားလို့ရအောင်တော့ လမ်းဦးစီးက သံဘောင်တွေငှားပြီး တစ်ပတ်အတွင်း အပြီးလုပ်ရမှာပေါ့။ သတ္တုကလူတွေနဲ့ ခေါ်ပြီးတော့ပေါ့။ ပွင့်လင်းရာသီရောက်မှပဲ တံတားအခိုင်အမာ ဆောက်လို့ရမှာပေါ့။"ဟု တာလေမြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာလေမြို့တွင် စက်တင်ဘာလ (၂၃)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် စက်တင်ဘာလ (၂၄)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်တွင် တံတားမျောပါသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတား တည်ဆောက်ထားသည့် နားဟိုင်းလုံကျေးရွာအဝင် နမ့်လင်းချောင်းအတွင်းသို့ အနီးဝန်းကျင် တောင်များပေါ်ရှိ ရွှေတူးဖေါ်ရေးလုပ်ကွက်များမှ မျောပါလာသည့် ရွှံနွံများ စီးဝင်နေလေ့ရှိခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကိုချစ်ကို
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~