မြန်မာ့လေကြောင်းလိုင်းဖြင့် သြဂုတ်လ (၂၉)ရက်နေ့က လိုက်ပါလာသူများထဲက ခရီးသည် (၆)ဦး ကျိုင်းတုံမြို့ တဆင့်တာချီလိတ်တွင် ရောက်နေ၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးများသို့ သတင်းပို့ရန် လိုအပ်

မြန်မာ့လေကြောင်းလိုင်းဖြင့် သြဂုတ်လ (၂၉)ရက်နေ့က လိုက်ပါလာသူများထဲက ခရီးသည် (၆)ဦး ကျိုင်းတုံမြို့ တဆင့်တာချီလိတ်တွင် ရောက်နေ၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးများသို့ သတင်းပို့ရန် လိုအပ်
သြဂုတ် 31, 2020
By Tachileik News Agency
မြန်မာ့လေကြောင်းလိုင်းဖြင့် သြဂုတ်လ (၂၉)ရက်နေ့က လိုက်ပါလာသူများထဲက ခရီးသည် (၆)ဦး ကျိုင်းတုံမြို့ တဆင့်တာချီလိတ်တွင် ရောက်နေ၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးများသို့ သတင်းပို့ရန် လိုအပ်
COVID 19 သံသယလက္ခဏာတွေ့ရသူနှစ်ဦး လိုက်ပါလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့က ရန်ကုန် - ဟဲဟိုး - ကျိုင်းတုံ ခရီးစဉ် လိုက်ပါလာသူများအနက် (၆)ဦးမှာ တာချီလိတ်သို့ ရောက်ရှိနေ၍ သက်ဆိုင်ရာသို့ ဆက်သွယ်ကြရန် မေတ္တာရပ်ခံထားသည်။
“အဲဒီခရီးစဉ်က (၆)ဦးက ကားနဲ့ တာချီလိတ်ကို လာတယ်လို့ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ သက်ဆိုင်ရာ ရပ်ကျေးတွေအားလုံးကို ဆက်သွယ် သတိပေးထားပါတယ်။ အဲဒီ ခရီးစဉ်နဲ့ လိုက်လာသူတွေ သက်ဆိုင်ရာ ရပ်ကျေးတွေကို ဆက်သွယ်ပေးကြပါ”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။  
မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်အမှတ် (XY-AML)  ခရီးစဉ်အမှတ် UB 277 ဖြင့် ရန်ကုန် - ဟဲဟိုး - ကျိုင်းတုံခရီးစဉ် လိုက်ပါလာသူများမှ (၂) ဦးတွင် COVID 19 သံသယလက္ခဏာတွေ့ရသဖြင့် သြဂုတ်လ (၃၁)ရက်နေ့၌ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ထားရှိကာ ဓာတ်ခွဲနမူနာရယူပို့ဆောင်သွားမည်ဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~