လားရှိုးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်က Covid-19 အခြေအနေကြောင့် မြို့တော်ခန်းမ၌ ပင်စင်လစာ ထုတ်ပေးနေ

လားရှိုးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်က Covid-19 အခြေအနေကြောင့် မြို့တော်ခန်းမ၌ ပင်စင်လစာ ထုတ်ပေးနေ
သြဂုတ် 21, 2020
By Tachileik News Agency
လားရှိုးမြို့တွင် မြန်မာ့စီးပွားရေးဘဏ်က Covid-19 အခြေအနေကြောင့် မြို့တော်ခန်းမ၌ ပင်စင်လစာ ထုတ်ပေးနေ
မြန်မာနိုင်ငံတွင်း ဩဂုတ်လအတွင်း ပြန်လည်ကူးစက်ပြန့်ပွားနေသော Covid-19 ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရမည့် သူများ အဆင်ပြေစေရန် လူဦးရေအများဆုံး လာရောက်တတ်သည့် ပင်စင်ထုတ်ရက်၏ ပထမနေ့ သဂုတ်လ (၂၁)ရက်တစ်နေ့လုံး လားရှိုး မြို့တော်ခန်းမ၌ ထုတ်ပေးနေကြောင်း သိရသည်။
“လစဥ်တိုင်း ပင်စင်ထုတ်ရက် ပထမနေ့ဖြစ်တဲ့ (၂၁)ရက်နေ့မှာ ပင်စင်ထုတ်သူဦးရေ (၁၂၀၀)ကျော်ထိ လာရောက်တတ်ပါတယ်၊ အခု တစ်ကျော့ပြန် ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ဘဏ်မှာ လူတွေ အရမ်း ထူထပ်သွားမှာကို စိုးရိမ်တဲ့အတွက် ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး မနက် (၇)နာရီခွဲကနေ ညနေ (၃)နာရီထိ မြို့တော်ခန်းမမှာ ပင်စင် ထုတ်ပေး နေတာဖြစ်ပါတယ်။ Social Distance  စနစ်ကို အသုံးပြုထားပြီးတော့ အဓိကအနေနဲ့ ဘဏ်ဝန်ထမ်းတွေရော လာရောက်ကြသူတွေရော Mask တပ်ဖို့ / Mask မပါတဲ့သူတွေကို တပ်ဆင်ပေးဖို့ လုပ်ထားပါတယ်၊ အချိန် တစ်ချိန်တည်းမှာ လူတွေ စုပြုံမနေစေဖို့လဲ လစဉ် ကြိုတင် တုံကင်တွေ လုပ်ပေးထားပါတယ်” ဟု မြန်မာ့စီးပွားရေးဘဏ်၏ ဒုတိယ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်း က သဂုတ် (၂၁)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာ့စီးပွားရေးဘဏ်( လားရှိုး )တွင် လစဥ် ပင်စင်လာရောက်ထုတ်ယူသူ ဦးရေ (၅,၀၀၀)ဝန်းကျင်ရှိပြီး လတိုင်း ပထမဆုံး ပင်စင်ထုတ်ပေးသည့် (၂၁) ရက်နေ့ တစ်နေ့တည်း၌ လူဦးရေ (၁၀၀၀)မှ )၁၂၀၀)ဝန်းကျင်အထိ လာရောက် ကြသည့်အတွက် ဘဏ်ဧရိယာအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် Social  Distance ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည့် နေရာကျယ်ဝန်းသော မြို့တော်ခန်းမကို အသုံးပြုရခြင်း ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး အခြေအနေကြောင့် ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်သော ပင်စင်စားများကို ကိုယ်စားလှယ်လွှဲ စာဖြင့် လာရောက်ထုတ်ယူစေပြီး မြို့တော်ခန်းမနှင့် ဘဏ်သို့လာရောက်သူများအား အဝင်ပေါက်တွင် ကိုယ် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း / Mask တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေခန့် ခြား၍ နေရာ ချထား ပေးခြင်းတို့ကို လုပ်ဆောင်ပေးထားပြီး နံနက် (၇)နာရီ ခွဲမှ ညနေ (၃)နာရီအထိ တစ်နာရီလျှင် လူဦးရေ (၁၀၀)ခန့်ကို ဝန်ဆောင်မှုပေးသည့် အနေဖြင့် တုံကင်များကိုလဲ ယခင်လများကတည်းက အချိန်ခွဲ၍ သတ်မှတ်ပေးထားသည်ဟု သိရသည်။
 
Tachileik News Agency
သတင်း - နေဖြိုးမြင့်
Photo -  အမ်ကျု့
 

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~