ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲချရောင်းချနေကြောင်း သတင်းရ၍ ဝင်ဖမ်းရာမှ ဘိန်းဖြူများ ဖမ်းမိ

ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲချရောင်းချနေကြောင်း သတင်းရ၍ ဝင်ဖမ်းရာမှ ဘိန်းဖြူများ ဖမ်းမိ
သြဂုတ် 22, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲချရောင်းချနေကြောင်း သတင်းရ၍ ဝင်ဖမ်းရာမှ ဘိန်းဖြူများ ဖမ်းမိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ လူနေအိမ်တစ်ခုတွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေကြောင်း သတင်းအရ သြဂုတ်လ (၂၂)ရက်နေ့ နေ့လည်က သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးရာကအမျိုးသား တစ်ဦးအား မူးယစ်ဆေးဝါးတို့နှင့် ဖမ်းဆီးရမိကြောင်း သိရသည်။

ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၁၂)အတွင်း စဝ်စံထွန်းလမ်းသွယ်ရှိ စိုင်းအောင်သန်း၏ နေအိမ်အား ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ စရတ(ရမခ) စု(၃) ကျောက်မဲမှ အထူးတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့် အဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာက  အိပ်ခန်းအတွင်း စိုင်းအောင်သန်း ထိုင်နေသည့် နံဘေးရှိ စားပွဲပေါ်တွင် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ခွက် (၂)ခွက်နှင့် ကော်ဗူး(၁)ဗူးအတွင်းမှ ဘိန်းဖြူ  အမှုန့် စုစုပေါင်း (၂၁)ဂရမ် ကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းအောင်သန်း ဆိုသူအား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ)၄၀/ ၂၀၂၀၊ မူး/ စိတ် ပုဒ်မ ၁၉ ( က ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~