ကိုဗစ်အတည်ပြုလူနာ (၁၆)ဦး ထပ်တိုး

ကိုဗစ်အတည်ပြုလူနာ (၁၆)ဦး ထပ်တိုး
သြဂုတ် 27, 2020
By Tachileik News Agency
ကိုဗစ်အတည်ပြုလူနာ (၁၆)ဦး ထပ်တိုး
စစ်တွေ၊ ရန်ကုန် နှင့် မန္တလေးတို့တွင် COVID 19 ကူးစက်ခံရသူ (၁၆)ဦး တွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့တွင် အတည်ပြုလူနာ (၆၀၂)ဦး ရှိလာပြီဖြစ်သည်။
ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာများတွင် စစ်တွေမြို့သို့ ခရီးသွားလာခဲ့သူ (၃)ဦး၊ ပြည်ပမှ ပြန်လာ၍ ရန်ကုန်တွင် အသွားအလာ ကန့်သတ်ထားသူ (၄)ဦး၊ အတည်ပြုလူနာနှင့် ထိတွေ့သူ (၅)ဦးတို့ ပါဝင်ပြီး ကျန် (၄)ဦးမှာ စောင့်ကြည့်လူနာများဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာများအနက် ဆေးရုံဆင်းခွင့်ရသူ (၃၃၉)ဦးရှိပြီး သေဆုံးသူ (၆)ဦးရှိခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~