COVID 19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဖြန့်ဖြူးပေးရန် ဥရောပသမဂ္ဂနိုင်ငံများနှင့် ဗြိတိန်-ဆွီဒင်ဆေးကုမ္ပဏီတို့ သဘောတူညီမှု ရရှိ

COVID 19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဖြန့်ဖြူးပေးရန် ဥရောပသမဂ္ဂနိုင်ငံများနှင့် ဗြိတိန်-ဆွီဒင်ဆေးကုမ္ပဏီတို့ သဘောတူညီမှု ရရှိ
ဇွန် 14, 2020
By Tachileik News Agency

COVID 19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဖြန့်ဖြူးပေးရန် ဥရောပသမဂ္ဂနိုင်ငံများနှင့် ဗြိတိန်-ဆွီဒင်ဆေးကုမ္ပဏီတို့ သဘောတူညီမှု ရရှိ

COVID 19 ကာကွယ်ဆေးသန်း (၄၀၀)အထိ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်ပေးရန် ဥရောပသမဂ္ဂ (၄)နိုင်ငံနှင့် AstraZeneca Plc တို့ကြား သဘောတူညီမှု ရေးထိုးထားပြီဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး သန်း (၃၀၀)မှ (၄၀၀) အထိကို ၂၀၂၀ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်နိုင်ဖွယ်ရှိသည့် သဘောတူညီချက်အား ဗြိတိန် - ဆွီဒင် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း AstraZeneca Plc နှင့် ဥရောပသမဂ္ဂ နိုင်ငံများဖြစ်သည့် နယ်သာလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနိုင်ငံတို့အကြား ဇွန်လဆန်းပိုင်းတွင် သဘောတူညီထားကြခြင်းဖြစ်ကြောင်း သိရသည်။

အောက်စဖို့ဒ်တက္ကသိုလ်က စမ်းသပ်ထားသည့် ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့်သူများကိုလည်း ဖိတ်ခေါ်ထားကြောင်း ကုမ္ပဏီဘက်က ထုတ်ဖေါ်ပြောကြားထားသည်။

ကုမ္ပဏီအနေဖြင့် ဥရောပနိုင်ငံများအပြင် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့နှင့် သဘောတူညီမှု ရထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိ ဥရောပသမဂ္ဂ(၄)နိုင်ငံနှင့် သဘောတူညီချက်မှာ ဥရောပနိုင်ငံများအားလုံးတွင် ကာကွယ်ဆေး ဖြန့်ဖြူးပေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~