ကျောက်မဲမြို့တွင် စက်/လက် ရက်ကန်း ကာလတိုသင်တန်းကို ဇူလိုင်လအတွင်း အခမဲ့ ပို့ချမည်ဖြစ်၍ တက်ရောက်လိုသူများ ဆက်သွယ် စာရင်းပေးနိုင်

ကျောက်မဲမြို့တွင် စက်/လက် ရက်ကန်း ကာလတိုသင်တန်းကို ဇူလိုင်လအတွင်း အခမဲ့ ပို့ချမည်ဖြစ်၍ တက်ရောက်လိုသူများ ဆက်သွယ် စာရင်းပေးနိုင်
ဇွန် 25, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင်  စက်/လက် ရက်ကန်း ကာလတိုသင်တန်းကို ဇူလိုင်လအတွင်း အခမဲ့ ပို့ချမည်ဖြစ်၍ တက်ရောက်လိုသူများ ဆက်သွယ် စာရင်းပေးနိုင်

Covid-19 ကာလအတွင်း အလုပ်အကိုင် အခက်အခဲများ အဆင်ပြေစေရန် အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း )ကျောက်မဲမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းက လက်ရက်ကန်း နှင့် စက်ရက်ကန်း ကာလတို သင်တန်းကို (၂)ကြိမ်ခွဲကာ ဇူလိုင်လအတွင်း အခမဲ့ သင်ကြားပေးမည်ဖြစ်သည့်အတွက် စိတ်ဝင်စားသူ မည်သူမဆို ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရသည်။

'လက် ရက်ကန်း/ စက်ရက်ကန်းပညာ၊ ရက်ကန်းနှီးနှောဆက်နွယ်တဲ့ ပညာရပ်တွေကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းတစ်ခုကို (၂၄)ရက် ကြာမှာဖြစ်ပြီး လက်ရက်ကန်းနဲ့ စက်ရက်ကန်း ဆိုပြီး (၂)သုတ်ခွဲပြီး သင်ကြားပေးမှာပါ။ သင်တန်းကြေးက အခမဲ့ပါ

ဟု ကျောက်မဲရှိ ရက်ကန်းနှင့်  အသက်မွေးပညာ သင်တန်းကျောင်းမှ နည်းပြအရာရှိ ဒေါ်ခင်စန်းတင် က တာချီလိတ်သတင်းအေဂျင်စီ သို့ ဇွန်လ (၂၅)ရက်နေ့တွင် ပြောသည်။

Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် အလုပ်အကိုင် မရှိခြင်းများ လျော့ကျစေရန်၊ မိသားစု စားဝတ်နေရေးများ အဆင်ပြေစေရန်နှင့် လက်/စက် ရက်ကန်း ပညာရပ် တိုးတက်ပျံ့ပွား စေရန်ရည်ရွယ်၍ ကာလတို သင်တန်းအဖြစ် လက် ရက်ကန်းပညာရပ် နှင့် စက် ရက်ကန်းပညာရပ် ဟူ၍ သင်တန်း (၂)ခု ပို့ချသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတစ်ခုလျှင် အစမှ အဆုံးထိ (၂၄)ရက် ကြာမြင့်မည်ဟု သိရသည်။

သင်တန်း တစ်ခုလျှင် ကျား/မ ( ၁၀ ) ဦးသာ လက်ခံမည်ဖြစ်ပြီး နေ့စဥ် နံနက် (၉)နာရီမှ ညနေ ( ၄ )နာရီထိ၊ စာတွေ့ ၃၀ % ၊ လက်တွေ့ ၇၀ % ပိုချမည်ဖြစ်ပြီး အခမဲ့ ပို့ချပေးမည့်အပြင်  တစ်ရက်လျှင် သင်တန်းသားတစ်ဦးလျှင် ထောက်ပံ့ကြေး ကျပ် (၃,၀၀၀)နှင့် ထမင်းစားစရိတ် ကျပ် (၁,၀၀၀)ရရှိမည်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား  ၂၀၂၀ ခုနှစ် ဇူလိုင်လ အတွင်း၌ စတင်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအတွက် လျှောက်ထားလိုသူများ အနေဖြင့် ကျောက်မဲမြို့၊ အမှတ် (၈)ရပ်ကွက်၊ ထုံးဖိုရပ် ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ဖုန်းနံပါတ် 082-40058 သို့   ရုံးချိန် အတွင်း  ဆက်သွယ် ၍ဖြစ်စေ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ လျှောက်ထားနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~