တာချီလိတ် - မယ်ဆိုင် တံတား(၁) အပါအဝင် လာအိုနှင့် ထိစပ်သည့် နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်မည့် အခြေအနေ မယ်ဆိုင်ဘက် တာဝန်ရှိသူများ ဆွေးနွေး

တာချီလိတ် - မယ်ဆိုင် တံတား(၁) အပါအဝင် လာအိုနှင့် ထိစပ်သည့် နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်မည့် အခြေအနေ မယ်ဆိုင်ဘက် တာဝန်ရှိသူများ ဆွေးနွေး
ဇွန် 19, 2020
By Tachileik News Agency

တာချီလိတ် - မယ်ဆိုင် တံတား(၁) အပါအဝင် လာအိုနှင့် ထိစပ်သည့် နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်မည့် အခြေအနေ မယ်ဆိုင်ဘက် တာဝန်ရှိသူများ ဆွေးနွေး

မယ်ဆိုင် - တာချီလိတ်နယ်စပ်တံတား အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်းရှိ မြန်မာနှင့် လာအိုနယ်စပ်များကို ပြန်လည် ဖွင့်လှစ်နိုင်မည့် အခြေအနေနှင့် နယ်စပ်တစ်လျှောက် COVID 19 ထိန်းချုပ်နိုင်မှု အခြေအနေများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့တွင် မယ်ဆိုင်အကောက်ခွန်ရုံးတွင် ဆွေးနွေးကြကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးကို မထိခိုက်စေရေးအတွက် နယ်စပ်ဂိတ်များတွင် ရောဂါကာကွယ်ရေး အစီအမံများဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကျန်းမာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ကူးစက်ရောဂါထိန်းချုပ်ရေး၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများက ဆွေးနွေးအဖြေရှာနေကြခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပါက ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မည့် အစီအစဉ်များကို မယ်ဆိုင်နယ်စပ်ဂိတ်မှ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနတာဝန်ရှိသူက ရှင်းလင်းဆွေးနွေးထားကြောင်း နှင့် လာအို နှင့် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား ပြန်လှည်ဖွင့်လှစ်မည့် နေ့ကိုတော့ သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။

မယ်ဆိုင်နှင့် တာချီလိတ်ကို ဆက်သွယ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)ကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သော်လည်း နှစ်နိုင်ငံကုန်သွယ်ရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)ကို ဆက်လက်ဖွင့်ထားခြင်းဖြစ်သည်။

Tachileik News Agency
Photo: ด่านควบคุมโรคติดต่อ ระหว่างประเทศแม่สาย จังหวัดเชียงราย


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~