တာချီလိတ်မြို့နယ်အတွင်း ရွေပြည်အေး နှင့် ကြိုးတံတားရွာဘက်တွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်ခဲယမ်းများကို တပ်မတော်က ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း ရွေပြည်အေး နှင့် ကြိုးတံတားရွာဘက်တွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်ခဲယမ်းများကို တပ်မတော်က ဖမ်းဆီးရမိ
ဇွန် 18, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ရွေပြည်အေး နှင့် ကြိုးတံတားရွာဘက်တွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်ခဲယမ်းများကို တပ်မတော်က ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း    ကြိုးတံတားကျေးရွာဘက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်က  အမျိုးသားတစ်ဦးကို လက်နက်ခဲယမ်းများ အပါအဝင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်ဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တာချီလိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများက ၂၀၂၀ခုနှစ် ဇွန်လ (၁၇)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ရွှေပြည်အေးဘက်မှ ကြိုးတံတားကျေးရွာဘက်သို့ ကျဘိုရှဲ မောင်းလာသည့် ကားအား ရပ်တန့်စစ်ဆေးရာ ယာဉ်အတွင်း အတူလိုက်ပါလာသည့် (၂)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ယာဉ်တွင် ကျန်ရစ်ခဲ့သည့် ယာဉ်မောင်းဖြစ်သူအား ဖမ်းဆီးရမိပြီး ယာဉ်အတွင်း ဆက်လက်စစ်ဆေး ရှာဖွေရာက M- 21 သေနတ် (၁)လက်၊ ၎င်းကျည် (၇၁)တောင့်၊ ဘရောင်နင် အမျိုးအစား ၉ မမ ပစ္စတို ( ၁ )လက်၊ ၎င်းကျည်အိမ် (၁)ခု၊ ကျည် (၄၇)တောင့်၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား (၂,၀၀၀,၀၀၀) ပြား၊ ဘိန်းဖြူ (၂.၄၅)ကီလိုဂရမ်ခန့် တို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသူ နှင့် မော်တော်ယာဉ် အပါအဝင် မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့ကြပြီး မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရှိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~