မြန်မာနိုင်ငံတွင် COVID 19 ကြောင့် သေဆုံးသူ တစ်ရက်တည်း (၂)ဦးထပ်တိုး၍ သေဆုံးသူ(၃)ဦးအထိရှိလာ

မြန်မာနိုင်ငံတွင် COVID 19 ကြောင့် သေဆုံးသူ တစ်ရက်တည်း (၂)ဦးထပ်တိုး၍ သေဆုံးသူ(၃)ဦးအထိရှိလာ
ဧပြီ 8, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင် COVID 19 ကြောင့် သေဆုံးသူ တစ်ရက်တည်း (၂)ဦးထပ်တိုး၍ သေဆုံးသူ(၃)ဦးအထိရှိလာ 

မြန်မာနိုင်ငံ၏ COVID-19 အတည်ပြုလူနာ (၂၂) ဦးအနက် ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့်   အတည်ပြုလူနာ (Case 16)သည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့ နံနက် (၁၀)နာရီ (၅)မိနစ်တွင်  သေဆုံးသွားသဖြင့် COVID 19 ဖြင့် သေဆုံးသူ (၃)ဦး ရှိလာပြီ ဖြစ်သည်။

ပြောစရာရှိတာတော့ ပြောရမှာပဲ။ ဘာမဆို အားလုံးက အတူတူရင်ဆိုင်ရမယ်။ မြောက်ဥက္ကလာဆေးရုံကနေ အသက် (၆၃)နှစ်အရွယ် တင်ထားတဲ့လူနာကလည်း ဆုံးသွားပါပြီ။ သူ့မှာ အခြေခံအားဖြင့် ဆီးချိုနဲ့ သွေးတိုးရှိပါတယ်။ ဒါကလည်း အစကတည်းက ပြောထားပြီးဖြစ်တယ်။ ရောဂါအခံရှိတဲ့သူတွေဟာ ပိုပြီးတော့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့်သတိထားကြပါ

ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ (၈)ရက်နေ့ မကွေးတိုင်းမှ ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်အတွင်း ပြောကြားသွားခြင်း ဖြစ်သည်။

အဆိုပါ လူနာအမှတ်စဉ် Case-16 သည် ဒူဘိုင်းမှ မတ်လ (၁၅)ရက်နေ့တွင် ပြန်လာသည့် သားဖြစ်သူကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားကြိုခဲ့သည့် အသက် (၆၃) နှစ် အရွယ်အမျိုးသမီးဖြစ်ပြီး မတ်လ (၃၁)ရက်နေ့တွင်  မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်လာရာမှ သံသယလူနာအဖြစ် ဓါတ်ခွဲစစ်ဆေး အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ (၈)ရက်နေ့ နံနက်ပိုင်းကလည်း ပြည်မြို့ ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (Case 17) သေဆုံးခဲ့ခြင်းဖြစ်သည်။

COVID 19 ကြောင့် သေဆုံးသူ (၃)ဦးအနက် ပထမဆုံး သေဆုံးသူလူနာ (Case 5) သည် နှာခေါင်းကင်ဆာကုသမှုခံယူနေသူဖြစ်ပြီး ဒုတိယသေဆုံးသူမှာ အခြားရောဂါများ ဖေါ်ပြခြင်းမရှိသည့် လူနာဖြစ်ပြီး တတိယသေဆုံးသည့် လူနာ (Case 16)တွင် ဆီးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ (၁၇)ယောက်မြောက် COVID-19 အတည်ပြုလူနာသည် COVID-19 ကြောင့် ၂၀၂၀ခုနှစ် ဧပြီလ (၈)ရက်နေ့ နံနက်(၃)နာရီ မိနစ်(၄၀) အချိန်က ဆေးရုံတွင်  သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုပြောကြားထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~