ကျိုင်းတုံမြို့တွင် ဧပြီလ(၃)ရက်နေ့၌ စောင့်ကြည့်လူနာတစ်ဦး ထပ်တိုး

ကျိုင်းတုံမြို့တွင် ဧပြီလ(၃)ရက်နေ့၌ စောင့်ကြည့်လူနာတစ်ဦး ထပ်တိုး
ဧပြီ 3, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် ဧပြီလ(၃)ရက်နေ့၌ စောင့်ကြည့်လူနာတစ်ဦး ထပ်တိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် COVID 19 ဓါတ်ခွဲနမူနာ ပို့စစ်မည့် စောင့်ကြည့်လူနာတစ်ဦးထပ်တိုးသဖြင့် စုစုပေါင်း ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ (၂)ဦးရှိနေကြောင်း သိရသည်။

“ကျိုင်းတုံက ဒီနေ့မနက်မှာ စောင့်ကြည့်လူနာ (၁)ဦး ထပ်တိုးတယ်။ သူက ချောင်းဆိုးတယ်၊ လည်ပင်းနာတယ်။ ထိုင်းက ပြန်လာတာတော့ တစ်လလောက်ရှိပြီ။ တာချီလိတ်နဲ့ ကျိုင်းတုံ သွားလာနေတာ။ တာချီလိတ်က ပြန်လာတာတော့ (၄)ရက်ရှိပြီလို့ သိရတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ဧပြီလ(၃)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် ဧပြီလ (၃)ရက်နေ့က ရောက်လာသည့် အသက် (၅၂)နှစ်အရွယ် အမျိုးသားလူနာအပြင် ဧပြီလ (၂)ရက်နေ့က ရောက်လာသည့် မိုင်းဇင်းကျေးရွာအုပ်စုမှ အသက် (၄၄)နှစ်အရွယ် အမျိုးသမီး (၁)ဦးလည်းရှိနေပြီး နှစ်ဦးလုံး၏ ဓါတ်ခွဲအဖြေများ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံတစ်ယောက် မိုင်းဇင်းကျေးရွာအုပ်စုမှ အသက်ရှုကြပ်ခြင်း၊ ဖျားနာခြင်း စသည့်လက္ခဏာများဖြင့် ဆေးရုံရောက်လာသည့် အသက် (၄၄)နှစ်အရွယ် အမျိုးသမီးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~