ကျေးရွာစက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်လိုသူများအား လုပ်ငန်းလိုင်စင် ထုတ်ပေးမည်

ကျေးရွာစက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်လိုသူများအား လုပ်ငန်းလိုင်စင် ထုတ်ပေးမည်
မတ် 4, 2020
By Tachileik News Agency
 
ကျေးရွာစက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်လိုသူတွေများ လုပ်ငန်းလိုင်စင် ထုတ်ပေးမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းမှာ ကျေးရွာစက်သုံးဆီအရောင်းဆိုင်လုပ်ငန်းလိုင်စင်များ ချထားပေးနိုင်ရေးအတွက် ဆောင်ရွက်နေတာတွေဟာ ကျေးလက်ဒေသတွေဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ငန်းလိုင်စင်တွေချထားပေးတာဖြစ်ကြောင်း  မြန့်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(ကျိုင်းတုံ)မှ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ဦးစိုင်းရီစံခတ်က ပြောပါတယ်။

အစိုးရအနေနဲ့ ကျေးရွာသူ၊ ရွားသားတွေကို မြို့ပြနေသူတွေနဲ့ တန်းတူခံစားခွင့်ရအောင်စီမံပေးထားပေမယ့် စီမံကွပ်ကဲမယ့်အဖွဲ့က စနစ်တကျလုပ်ကိုင်စေလိုတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

လိုင်စင်ချထားပေးလိုက်တဲ့ ကျေးရွာစက်သုံးဆီအရောင်းဆိုင်တွေကို ဆီဂါလံ (၁၀၀၀) အထိ ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း ဦးစိုင်းရီစံခတ်က ပြောပါတယ်။

အဲ့လို လုပ်ငန်းတွေအတွက် အဆင်ပြေစေဖို့ဟာ လက်ရှိအခက်အခဲက လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့်ရရှိဖို့ ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

 ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီ ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းလိုင်စင်များ ချထားပေးနိုင်ဖို့အတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က  မြန့်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(နေပြည်တော်)မှ အမိန့်ကြော်ညာစာနဲ့ ညွှန်ကြားခဲ့လို့ ကွင်းဆင်းအသိပညာပေးမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~