မြန်မာနှင့်လာအိုမှလွဲ၍ အာဆီယံ (၈)နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၅၀၀)ကျော်ရှိနေ

မြန်မာနှင့်လာအိုမှလွဲ၍ အာဆီယံ (၈)နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၅၀၀)ကျော်ရှိနေ
မတ် 12, 2020
By Tachileik News Agency
မြန်မာနှင့်လာအိုမှလွဲ၍ အာဆီယံ (၈)နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၅၀၀)ကျော်ရှိနေ

အရှေ့တောင်အာရှ (၁၀) နိုင်ငံတွင် မြန်မာနှင့် လာအိုမှလွဲ၍ ကျန် (၈) နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့အထိ (၅၃၆) ဦးရှိသည့်အနက် သေဆုံးသူ (၄)ဦးနှင့် ပြန်လည်ကျန်းမာလာသူ (၁၇၇)ဦး ရှိပြီဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများ၌ မတ်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ စင်္ကာပူနိုင်ငံတွင် အတည်ပြုလူနာ (၁၇၈)ဦးတွင် ပြန်လည်ကျန်းမာလာသူ (၉၆) ဦး၊ မလေးရှားနိုင်ငံတွင် အတည်ပြုလူနာ (၁၄၉) ဦးတွင် ပြန်လည် ကျန်းမာလာသူ (၂၆) ဦး၊ ထိုင်းနိုင်ငံတွင် အတည်ပြုလူနာ (၇၀) ဦးတွင် သေဆုံးသူ (၁)ဦးနှင့် ပြန်လည်ကျန်းမာလာသူ (၃၄) ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် အတည်ပြုလူနာ (၅၂)ဦးတွင် ပြန်လည်ကျန်းမာလာသူ (၂၂)ဦး၊ ဗီယက်နမ်တွင် အတည်ပြုလူနာ (၃၉)ဦးတွင် ပြန်လည်ကျန်းမာလာသူ (၁၆)ဦး၊ အင်ဒိုနီးရှားတွင် အတည်ပြုလူနာ (၃၄)ဦးတွင် သေဆုံးသူ (၁)ဦးနှင့် ပြန်လည်ကျန်းမာလာသူ (၂) ဦး၊ ဘရူနိုင်းနိုင်ငံတွင် အတည်ပြုလူနာ (၁၁)ဦးနှင့် ကမ္ဘောဒီးယားတွင် အတည်ပြုလူနာ (၃)ဦးတွင် ပြန်လည်ကျန်းမာလာသူ (၁)ဦး ရှိနေကြောင်း John Hopkins University ၏ စောင့်ကြည့်စာရင်းများအရ သိရသည်။

ယင်းအပြင် မြန်မာ၏ အနောက်ဘက်နယ်နမိတ် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံတွင် အတည်ပြု လူနာ (၇၃)ဦးတွင် သေဆုံး (၁)ဦးနှင့် ပြန်လည်ကျန်းမာလာသူ (၄)ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် အတည်ပြုလူနာ (၃)ဦး ရှိနေကြောင်း သိရသည်။

ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့မှစ၍ လေဆိပ်များနှင့် နယ်စပ်ဝင်ထွက်ပေါက်များ၌ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများကို လုပ်ဆောင်နေချိန်မှစ၍ မတ်လ (၉)ရက်နေ့အထိ စောင့်ကြည့်လူနာပေါင်း (၈၅)ဦး ရှိခဲ့ပြီး အတည်ပြုလူနာတွေ့ရခြင်း မရှိသေးခြင်းဖြစ်သည်။

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ပြီးနောက် ၂၀၂၀ ခုနှစ်၊ မတ်လ (၉)ရက်နေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၅)နိုင်ငံသို့ ကူးစက်ပျံ့နှံ့သွားသဖြင့် မတ်လ (၁၁)ရက်နေ့တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~