တာချီလိတ်ခရိုင်အတွင်း တောမီးရှို့ခြင်းနှင့် သစ်တောပြုန်းတီးမှုများ လျော့ကျစေရန် မိရိုးဖလာတောင်ယာနှင့် အမဲလိုက်ခြင်းများ လျှော့ချရန်လို

တာချီလိတ်ခရိုင်အတွင်း တောမီးရှို့ခြင်းနှင့် သစ်တောပြုန်းတီးမှုများ လျော့ကျစေရန် မိရိုးဖလာတောင်ယာနှင့် အမဲလိုက်ခြင်းများ လျှော့ချရန်လို
ဖေဖော်ဝါရီ 20, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း တောမီးရှို့ခြင်းနှင့် သစ်တောပြုန်းတီးမှုများ လျော့ကျစေရန် မိရိုးဖလာတောင်ယာနှင့် အမဲလိုက်ခြင်းများ လျှော့ချရန်လို

တာချီလိတ်ခရိုင်အတွင်း  တောမီးရှို့မှုနှင့် သစ်တောပြုန်းတီးမှုများလျော့ကျစေရန်အတွက် မိရိုးဖလာ တောင်ယာစိုက်ပျိုးခြင်း၊ မိရိုးဖလာအမဲလိုက်ခြင်း၊ မီးသွေးဖုတ်ခြင်းနှင့် ထုံးဖုတ်ခြင်းများ လျော့နည်းကျဆင်းစေရန်အတွက် အသိပညာပေးမှုများလုပ်ဆောင်ရန်လိုအပ်ပြီး လွှစက်များကို တရားဝင်မှတ်ပုံတင်မှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထောက်ပြဝေဖန်လိုက်သည်။

စိုက်ပျိုးနည်းစနစ်ကို ပြောင်းစေချင်တယ်။ တောင်ယာဆိုတာ (၂)နှစ်ပေါ့။ မြေဆီလွှာကုန်သွားတော့ တစ်နေရာမှာ အပြောင်ရှင်းစနစ်နဲ့ လုပ်တယ်။ လှေကားထစ်စိုက်ပျိုးရေးတို့၊ ကုန်းမြင့်လယ်ယာတို့ ပြောင်းလဲစေချင်တာပေါ့။ စိုက်တဲ့သူလည်း မြေယာပိုင်ဆိုင်ခွင့်ရတယ်။ သစ်တောပြုန်းတီးမှုလည်း လျော့ကျတာပေါ့။ ရိုးရာတောလိုက်တဲ့ဓလေ့ကိုလည်း ပြောင်းလဲစေချင်တယ်။ သားကောင်ရှိမယ်ထင်တဲ့နေရာတွေမှာ တောမီးရှို့လိုက်တယ်။ ပြီးတော့ အမဲလိုက်တာပေါ့။ နောက်မီးသွေးဖုတ်တာတို့၊ ထုံးဖုတ်တာတို့မှာ ထုံးတစ်တန်ရဖို့ သစ်တစ်တန်ကျော်လောက်သုံးရတယ်။ လွှစက်တွေကိုလည်း မှတ်ပုံတင်စေချင်တယ်။ ချိန်းစောတစ်လက်က တစ်တောပျက်တယ်။ သစ်ပင်တစ်ပင်ကို ရိုးရိုးခုတ်တာက (၁၀) မိနစ်ကြာရင် ချိန်စောက (၁) မိနစ်ပဲ

ဟု တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်း တောင်ပေါ်ဒေသများသဖြင့် တောင်ယာစိုက်ပျိုးသည့်ဓလေ့ရှိရာ နှစ်စဉ်မီးခိုးဖုံးလွှမ်းခြင်းကို ကာလကြာရှည်ခံစားရလေ့ရှိသဖြင့် ၂၀၂၀ ခုနှစ်တွင် မီးခိုးထူထပ်မှုလျှော့ချနိုင်ရန်အတွက် ကျေးရွာများ အလှည့်ကျ တောင်ယာမီးရှို့ခြင်း လုပ်ဆောင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးပြီးသက်ဆိုင်ရာ ဌာနများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ခရိုင်၊ မြို့နယ်အဆင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး၊ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေးကော်မတီအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများအထိ အသိပညာပေးမှုများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~