တောင်ကြီးတွင် ကျင်းပနေသည့် ခရိုင်ပေါင်းစုံဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်နှင့် လွိုင်လင်အသင်း ဖိုင်နယ်တက်

တောင်ကြီးတွင် ကျင်းပနေသည့် ခရိုင်ပေါင်းစုံဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်နှင့် လွိုင်လင်အသင်း ဖိုင်နယ်တက်
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency

တောင်ကြီးတွင် ကျင်းပနေသည့် ခရိုင်ပေါင်းစုံဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်နှင့် လွိုင်လင်အသင်း ဖိုင်နယ်တက်

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ် ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် တာချီလိတ်နှင့် လွိုင်လင်အသင်းတို့ ဖိုင်နယ်တက်သွားပြီဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့က ကျင်းပရာ တာချီလိတ်အသင်းက ကျိုင်းတုံအသင်းကို (၈)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း လွိုင်လင်က တောင်ကြီးကို ပင်နယ်တီဖြင့်လည်းကောင်း အနိုင်ရသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ညနေ(၃) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြရာ လွိုင်လင်က လားရှိုးအသင်းကို (၄)ဂိုး၊ (၂)ဂိုး၊ တောင်ကြီးက ကျောက်မဲကို (၅)ဂိုး၊ (၁)ဂိုး၊ မိုင်းဆတ်က လင်းခေးကို (၈)ဂိုး၊ (၆)ဂိုး၊ တာချီလိတ်က ကျောက်မဲကို (၈)ဂိုး၊ (၂)ဂိုး၊ မူဆယ်က လင်းခေးကို (၁၀)ဂိုး၊ (၂)ဂိုး၊ လောက်ကိုင်နှင့် မိုးမိတ်က (၄)ဂိုးစီဖြင့် သရေ၊ လားရှိုးက ကျိုင်းတုံကို (၄)ဂိုး၊ (၃)ဂိုး၊ တာချီလိတ်က တောင်ကြီးကို (၈)ဂိုး၊ (၂)ဂိုး၊ မိုင်းဆတ်နှင့် မူဆယ်က (၄)ဂိုးစီသရေနှင့် ဟိုပန်က မိုးမိတ်ကို(၉)ဂိုး၊ (၅)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကွာတားပွဲစဉ်များကို ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့၌ ကျင်းပရာ ကျိုင်းတုံက မိုင်းဆတ်ကို (၆)ဂိုး၊ (၁)ဂိုး၊ တာချီလိတ်က ဟိုပန်ကို (၁၁)ဂိုး၊ (၁)ဂိုး၊ လွိုင်လင်က မူဆယ်ကို (၇)ဂိုး၊ (၂)ဂိုးနှင့် တောင်ကြီးက လောက်ကိုင်ကို (၇)ဂိုး (၅)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၇)ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် လားရှိုး၊ လွိုင်လင်နှင့် ကျိုင်းတုံ၊ အုပ်စု(ခ)တွင် တောင်ကြီး၊ ကျောက်မဲနှင့် တာချီလိတ်၊ အုပ်စု(၈)တွင် မိုင်းဆတ်၊ လင်းခေးနှင့် မူဆယ်၊ အုပ်စု(ဃ)တွင် ဟိုပန်၊ လောက်ကိုင်နှင့် မိုးမိတ်အသင်းတို့ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဇာနှင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~