တာချီလိတ်တွင် ကာစီနိုများ ပိတ်သွားပြီးနောက် အလုပ်လက်မဲ့ ဖြစ်သွားသူများက အလုပ်အကိုင် ရရှိရေးအတွက် အကူအညီတောင်း

တာချီလိတ်တွင် ကာစီနိုများ ပိတ်သွားပြီးနောက် အလုပ်လက်မဲ့ ဖြစ်သွားသူများက အလုပ်အကိုင် ရရှိရေးအတွက် အကူအညီတောင်း
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency
 တာချီလိတ်တွင် ကာစီနိုများ ပိတ်သွားပြီးနောက် အလုပ်လက်မဲ့ ဖြစ်သွားသူများက အလုပ်အကိုင် ရရှိရေးအတွက် အကူအညီတောင်း

နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့မှာ လောင်းကစားလုပ်ငန်းတွေ ပိတ်သိမ်းလာတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်သွားသူတွေက အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးဖို့ တာချီလိတ်ရှိ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးကို အလုပ်သမား (၂၀၀) ဝန်းကျင်လောက်က ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ မနက်ပိုင်းမှာ သွား‌ရောက်ကာ အကူအညီတောင်းနေကြပါတယ်။

အခုလို ဖြစ်သွားတဲ့အတွက် လတ်တလော အလုပ်လက်မဲ့ဖြစ်သွားပြီး လုပ်ခလစာတွေလည်း မရရှိသေးတာကြောင့် အလုပ်အကိုင် အမြန်လိုအပ်နေကြောင်း လာရောက်အကူအညီတောင်းခံသူတွေထဲ ဝန်ထမ်းအချို့က အခုလို ပြောပါတယ်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်ပေးမယ်ဆိုတာကို အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ အကြီးတန်းစာရေး ဦးချမ်းငြိမ်းက အခုလိုပြောပါတယ်။

ဒီကိစ္စကို ကူညီဖြေရှင်းပေးဖို့  ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက တာဝန်ခံတစ်ယောက်ကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာပဲ တောင်ကြီးကနေ တာချီလိတ်ကို စေလွှတ်ထားတယ်လို့ သိရပါတယ်။

တာချီလိတ်မှာ လောင်းကစားလုပ်ငန်းတွေ ထိန်းသိမ်းဖို့ နိုင်ငံတော်သမ္မတက ဖေဖေါ်ဝါရီလ (၆)ရက်နေ့မှာ ပြည်နယ်အစိုးရကို နှုတ်မိန့်နဲ့ညွှန်ကြားပြီးတဲ့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က လောင်းကစားဂိမ်းခုံအချို့ကိုဖမ်းပြီး ဟိုတယ်တွေကိုတော့ ခံဝန်ကတိထိုးခိုင်းထားပါတယ်။

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့က တာချီလိတ်ရှိ 1G1 8 ဟိုတယ်မှာ ပြုလုပ်တဲ့ ဟိုတယ်လုပ်ငန်းရှင်များနဲ့မြို့မိမြို့ဖများတွေ့ဆုံပြီး အလုပ်သမားများအရေး ဆွေးနွေးတဲ့ အစည်းအဝေးအရ ဝန်ထမ်းအရေအတွက်စုစုပေါင်းဟာ (၇၀၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~