“ဝ” ဒေသတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်း မရှိစေရေး လူစုလူဝေးမပြုလုပ်ရန် နှင့် သတ်မှတ်စည်းကမ်းလိုက်နာရန် ထုတ်ပြန်

“ဝ” ဒေသတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်း မရှိစေရေး လူစုလူဝေးမပြုလုပ်ရန် နှင့် သတ်မှတ်စည်းကမ်းလိုက်နာရန် ထုတ်ပြန်
ဇန်နဝါရီ 26, 2020
By Tachileik News Agency

“ဝ” ဒေသတွင်း  ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်း မရှိစေရေး လူစုလူဝေးမပြုလုပ်ရန်  နှင့် သတ်မှတ်စည်းကမ်းလိုက်နာရန် ထုတ်ပြန် 

တရုတ်နိုင်ငံမှ ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်း မရှိစေရန် “ဝ” ဒေသတွင်း တရုတ်ဘက်မှ နယ်စပ် ဝင်ထွက်ပေါက်များ၌ ကျန်းမာရေးစစ်ဆေးရန်၊ KTV များ၊ လူအသွားအလာများသည့် နေရာများ ခေတ္တ ပိတ်ထားရန်နှင့် တောရိုင်းတိရစ္ဆာန်အသားများ ရောင်းဝယ်ခြင်းမပြုရန် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ ကျွန်တော်တို့ “ဝ”ပြည်အတွင်း အဝင်အထွက်ဂိတ်တိုင်းမှာ အဖျားရောဂါရှိသူတွေကို စစ်ဆေးပြီး အဝင်အထွက် မပြုလုပ်အောင် ကန့်သတ်ဖို့၊ နောက် ဒုတိယအချက်က ကာရာအိုကေတွေ၊ လူစုလူဝေးရှိတတ်တဲ့နေရာတွေ အဲဒါတွေ အားလုံး ပိတ်ဖို့ပေါ့နော်။ ပြီးတော့ တတိယတစ်ချက်အနေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေအပြင် အတတ်နိုင်ဆုံး သန့်သန့်ရှင်းရှင်းနေကြဖို့ အတတ်နိုင်ဆုံး အပြင်ထွက်တာတွေ၊ ခရီးထွက်တာတွေ မလုပ်ဖို့၊ အားလုံး ထိန်းထိန်းသိမ်းသိမ်း နေကြဖို့၊ နောက်ထပ်တစ်ချက်ကတော့ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်ဖေါက်ကားမှုတွေ သတိထားဖို့၊ ကောလဟာလ သတင်းတွေ မထုတ်ကြဖို့၊ မဖန်တီးဖို့ အဲဒါတွေကို ကျန်းမာရေးဌာနက ဒီ (၂၆)ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ” 

ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံနယ်စပ်ဖြစ်သည့် “ဝ”ဒေသအတွင်း ရောဂါကူးစက်ခံရသူများ တွေ့ရှိရခြင်းမရှိသေးသော်လည်း ရောဂါကူးစက် ခံရခြင်း မရှိစေရန် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး လူစုလူဝေးဖြစ်နိုင်သည့် ပွဲများကို ခေတ္တရပ်နားထားကြရန် ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~