မူဆယ် - လားရှိုး လမ်းပေါ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးများကို အမျိုးသားနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိ

မူဆယ် - လားရှိုး လမ်းပေါ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးများကို အမျိုးသားနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိ
ဇန်နဝါရီ 5, 2020
By Tachileik News Agency

မူဆယ် - လားရှိုး လမ်းပေါ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးများကို အမျိုးသားနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်-လားရှိုး သွားကားလမ်းတွင် အမျိုးသားနှစ်ဦးအား ဘိန်းဖြူများနှင့်စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိ၍ ကွင်းဆက်များ ဖော်ထုတ်ရမိရေးအတွက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပါဝင်သည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-လားရှိုး သွားကားလမ်းပေါ်တွင် 2020 ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ ညနေ(၅)နာရီ (၄၅)မိနစ် ဝန်းကျင်အချိန်က ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်စဉ် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်စဉ် မူဆယ် ဘက်မှ လားရှိုးဘက်သို့ ဦးတည်လာသည့်မော်တော်ကားအား ရပ်တန့် စစ်ဆေးရှာဖွေရာက  မော်တော်ယာဉ်အတွင်း သို၀ှက်သယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် စုစုပေါင်း (၃.၂၅၆)ကီလို နှင့် စိတ်ကြွဆေးပြား (၁၀၄,၀၀၀)ပြားတို့ကို ရှာဖွေသိမ်းဆည်းရမိကြောင်းသိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၁)နှစ်ရှိ ယာဉ်မောင်း ဇော်ဆွတ်အောင်(ခ)မာနော် နှင့် ယာဉ်တွင် လိုက်ပါလာသူ ကွန်ဂျာရှောင်တို့အား ဆက်လက်အရေးယူနိုင်ရန်အတွက်  လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားရှိပြီး ကွင်းဆက်များ ထပ်မံပေါ်ပေါက်ဖော်ထုတ်နိုင်ရေအတွက် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~