တာချီလိတ်မြို့ မေဖလာဝါးကွင်းအတွင်းရှိ နေအိမ်ရှေ့တွင် နေ့ခင်းအချိန်ကြီး ဆိုင်ကယ်ခိုးခံရ

တာချီလိတ်မြို့ မေဖလာဝါးကွင်းအတွင်းရှိ နေအိမ်ရှေ့တွင် နေ့ခင်းအချိန်ကြီး ဆိုင်ကယ်ခိုးခံရ
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
တာချီလိတ်မြို့ မေဖလာဝါးကွင်းအတွင်းရှိ နေအိမ်ရှေ့တွင် နေ့ခင်းအချိန်ကြီး ဆိုင်ကယ်ခိုးခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်းရှိ နေအိမ်တွင် ဆိုင်ကယ်တစ်စီးခိုးခံရမှု နေ့ခင်းပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ နေ့လည်(၁၂)နာရီ မိနစ်(၅၀)ကျော်က မေဖလာဝါးအတွင်းရှိ နေအိမ်ရှေ့တွင် ဆိုင်ကယ်အား သော့တန်းလန်းဖြင့်  ခေတ္တထားထားကာ အိမ်အတွင်းသို့ ခဏဝင်သွားချိန်တွင် အမည်မသိ အမျိုးသားတစ်ဦးမှ ရောက်ရှိလာပြီး  ဆိုင်ကယ်အား ခိုးယူ မောင်းပြေးသွား‌ပုံ တွေ့ရသည်ကို cctv မှတ်တမ်းအရ သိရကြောင်း ပိုင်ရှင် ဖြစ်သူထံက သိရသည်။

ခိုးယူသွားသည့် ဆိုင်ကယ်အမျိုးအစားမှာ Honda Wave 110 အမျိုးအစား ပြာနက်မီးခိုးရောင် ဖြစ်ပြီး ဆိုင်ကယ်၏ စက်အမှတ်မှာ JAI4OE- 0544627 နှင့် ဘောင်အမှတ်မှာ MKHJA1404A5544627 ဖြစ်ပြီး ယာဉ်အမှတ်မှာ SHN/5898 ဖြစ်ကာ လိုင်စင်ရှိ ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။

နေ့ပိုင်းအချိန်ကြီးတွင် ခိုးယူခံလိုက်ရသည့် ဆိုင်ကယ်အား လာရောက် ရောင်းချသည် ဖြစ်စေ၊ တစ်နေရာရာတွင် တွေ့ရှိရသည် ဖြစ်စေ‌ မြန်မာဖုန်း -  09796466648 နှင့် ထိုင်းဖုန်း 09675880488 သို့ ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားရှိသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် နေ့ပိုင်းနှင့် ညပိုင်းများတွင် ယခုလို ဆိုင်ကယ်ခိုးခံရမှုများ  မကြာခဏ  ဖြစ်ပွားနေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~