Google အပါအဝင္ အေမရိကန္ထိပ္တန္းလုပ္ငန္းႀကီးမ်ားက ဟြာေဝးႏွင့္ဆက္စပ္သည့္ လုပ္ငန္းမ်ား ရပ္ဆိုင္း

Google အပါအဝင္ အေမရိကန္ထိပ္တန္းလုပ္ငန္းႀကီးမ်ားက ဟြာေဝးႏွင့္ဆက္စပ္သည့္ လုပ္ငန္းမ်ား ရပ္ဆိုင္း
မေ 20, 2019
By 🌸
တရုတ္ထိပ္တန္းဆက္သြယ္ေရးလုပ္ငန္းႀကီးတစ္ခုျဖစ္သည့္ဟြာေဝးႏွင့္ လုပ္ကိုင္ေနသည့္ လုပ္ငန္းမ်ားကို Google အပါအဝင္ အေမရိကန္ထိပ္တန္းလုပ္ငန္းႀကီးမ်ားက ရပ္ဆုိင္းလုိက္ၾကၿပီျဖစ္ရာ ဟြာေဝးစမတ္ဖုန္းအသံုးျပဳသူမ်ားအေနျဖင့္ Play Store ကဲ့သို႔ Application မ်ားကို အသံုးျပဳ၍ရေတာ့မည္မဟုတ္ေၾကာင္း သိရသည္။

ဟြာေဝးကို အေမရိကန္ျပည္ေထာင္စုက ပိတ္ပင္လုိက္ၿပီးေနာက္ အဆိုပါလုပ္ငန္းႏွင့္ ဆက္စပ္ေနသည့္ လုပ္ငန္းမ်ားကို အေမရိကန္လုပ္ငန္းႀကီးမ်ားက ရပ္ဆုိင္းလိုက္ၾကရာ Google အျပင္ မုိက္ခရိုခ်စ္(ပ္)ထုတ္လုပ္သည့္ Intel Corp.၊ Qualcomm Inc.၊ Xilinx Inc ႏွင့္ Broadcom Inc တို႔လည္း ပါဝင္ေၾကာင္း သိရသည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၂၀၁၉ ခုႏွစ္၊ ေမလ (၁၇)ရက္ေန႔တြင္ ဟြာေဝးဆက္သြယ္ေရးကုမၸဏီအား အမည္ပ်က္စာရင္းသြင္းေၾကာင္း ေၾကညာလုိက္ျခင္းျဖစ္သည္။

အဆိုပါေၾကညာခ်က္ေၾကာင့္ ဟြာေဝးဆက္သြယ္ေရးကုမၸဏီသာမက ဟြာေဝးႏွင့္ဆက္စပ္လုပ္ကိုင္ေနသည့္ အေမရိကန္ကုမၸဏီမ်ားကိုလည္း ထိခုိက္မႈမ်ား ရိွေနျခင္းျဖစ္သည္။
ယင္းသို႔ရပ္ဆုိင္းလုိက္သည့္အတြက္ ေနာက္ထပ္ထုတ္မည့္ ဟြာေဝးဖုန္းမ်ားတြင္ Play Store၊ Gmail စသည္တို႔ကို သံုးစြဲ၍ရေတာ့မည္မဟုတ္ဘဲ လက္ရိွအသံုးျပဳေနသည္မ်ားကိုလည္း Update ျပဳလုပ္၍ရေတာ့မည္မဟုတ္ေၾကာင္းသိရၿပီး Google က အသံုးျပဳခြင့္ေပးျခင္းကို ျပန္လည္သံုးသပ္မည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

Tachileik News Agency
Ref: Bloomberg

~~~~~~~~⊰❂ Unicode Version ~~~~~~~~
Google အပါအဝင် အမေရိကန်ထိပ်တန်းလုပ်ငန်းကြီးများက ဟွာဝေးနှင့်ဆက်စပ်သည့် လုပ်ငန်းများ ရပ်ဆိုင်း
************
တရုတ်ထိပ်တန်းဆက်သွယ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့်ဟွာဝေးနှင့် လုပ်ကိုင်နေသည့် လုပ်ငန်းများကို Google အပါအဝင် အမေရိကန်ထိပ်တန်းလုပ်ငန်းကြီးများက ရပ်ဆိုင်းလိုက်ကြပြီဖြစ်ရာ ဟွာဝေးစမတ်ဖုန်းအသုံးပြုသူများအနေဖြင့် Play Store ကဲ့သို့ Application များကို အသုံးပြု၍ရတော့မည်မဟုတ်ကြောင်း သိရသည်။

ဟွာဝေးကို အမေရိကန်ပြည်ထောင်စုက ပိတ်ပင်လိုက်ပြီးနောက် အဆိုပါလုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများကို အမေရိကန်လုပ်ငန်းကြီးများက ရပ်ဆိုင်းလိုက်ကြရာ Google အပြင် မိုက်ခရိုချစ်(ပ်)ထုတ်လုပ်သည့် Intel Corp.၊ Qualcomm Inc.၊ Xilinx Inc နှင့် Broadcom Inc တို့လည်း ပါဝင်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၉ ခုနှစ်၊ မေလ (၁၇)ရက်နေ့တွင် ဟွာဝေးဆက်သွယ်ရေးကုမ္ပဏီအား အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်ကြောင့် ဟွာဝေးဆက်သွယ်ရေးကုမ္ပဏီသာမက ဟွာဝေးနှင့်ဆက်စပ်လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီများကိုလည်း ထိခိုက်မှုများ ရှိနေခြင်းဖြစ်သည်။

ယင်းသို့ရပ်ဆိုင်းလိုက်သည့်အတွက် နောက်ထပ်ထုတ်မည့် ဟွာဝေးဖုန်းများတွင် Play Store၊ Gmail စသည်တို့ကို သုံးစွဲ၍ရတော့မည်မဟုတ်ဘဲ လက်ရှိအသုံးပြုနေသည်များကိုလည်း Update ပြုလုပ်၍ရတော့မည်မဟုတ်ကြောင်းသိရပြီး Google က အသုံးပြုခွင့်ပေးခြင်းကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

Tachileik News Agency
Ref: Bloomberg

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net