ရန္ကုန္ၿမိဳ႕တြင္ က်င္းပမည့္ ေသြးခ်င္းတို႔ရဲ႕ ပြဲေတာ္ဆီ ျပပြဲသို႔ “၀” အမ်ိဳးသားစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕၀င္ (၁၅၀)ဦး သြားေရာက္မည္

ရန္ကုန္ၿမိဳ႕တြင္ က်င္းပမည့္ ေသြးခ်င္းတို႔ရဲ႕ ပြဲေတာ္ဆီ ျပပြဲသို႔ “၀” အမ်ိဳးသားစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕၀င္ (၁၅၀)ဦး သြားေရာက္မည္
ဇန်နဝါရီ 24, 2019
By Tachileik News Agency

ရန္ကုန္တိုင္းေဒသႀကီး အစိုးရ ႏွင့္ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ပူးေပါင္းၿပီး၍ ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္ က်ိဳကၠစံကြင္းတြင္  က်င္းပမည့္ ေသြးခ်င္းတို႔၏ ပြဲေတာ္ဆီျပပြဲတြင္ ပါ၀င္ရန္ အတြက္ “၀” အမ်ိဳးသားစာေပႏွင့္ယဥ္ေက်းမႈ အဖြဲ႕မွ အဖြဲ႕၀င္ (၁၅၀) တက္ေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။

“ႏိုင္ငံေတာ္ကေနၿပီးေတာ့မွ တိုင္းရင္းသားရိုးရာ ကပြဲေတြျပင္ဆင္တယ္ေပါ့။ ကၽြန္ေတာ္တို႔ ၀ အဖြဲ႕ကိုလည္း ဖိတ္ေတာ့ နယ္အသီးသီးက “၀” ရိုးရာယဥ္ေက်းမႈေတြ စုစည္းၿပီးေတာ့သြားတယ္။ မနက္ျဖန္စမယ္။ ကၽြန္ေတာ္တို႔ “၀” ယဥ္ေက်းမႈ အဖြဲ႕အေနနဲ႔လည္း နယ္စြန္နယ္ဖ်ားက လာဖို႔ရာ ခက္ခဲတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔ ျပခန္းမွာျပမယ့္ ရိုးရာေရွးေဟာင္းပစၥည္းေတြလည္း မ်ားမ်ား မသယ္ႏိုင္ဘူး။ နည္းနည္းေလာက္နဲ႔ ဓာတ္ပုံေတြပဲ ျပမယ္။ ကၽြန္ေတာ္တို႔ “၀” ယဥ္ေက်းမႈအဖြဲ႕က ၁၅၀ ေလာက္သြားမယ္။ နယ္ အသီးသီးကေပါ့။ ၿပီးေတာ့ အကပေဒသာေတြေပါ့”ဟု UWSA/UWSP ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာ၀န္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီ (၂၄)ရက္တြင္ ေျပာသည္။

ဇန္န၀ါရီ (၂၅)ရက္မွ (၃၀)ရက္အတြင္း က်င္းပမည့္ အဆိုပါပြဲတြင္ “၀” တိုင္းရင္းသားရိုးရာ ယဥ္ေက်းမႈျပခန္း ဖြင့္လွစ္ျပသသြားမည္ျဖစ္ၿပီး “၀” ရိုးရာအကမ်ားနွင့္ ရိုးရာမီးပံုပြဲေတာ္မ်ားကို ညစဥ္ ညေန (၅)နာရီမွ (၈)နာရီအထိ က်င္းပသြားမည္ျဖစ္ရာ လာေရာက္ၾကည့္ရႈႏိုင္ ေၾကာင္း သိရသည္။

“ပထမအႀကိမ္ ကမကထ လုပ္လိုက္တယ္ဆိုေတာ့ အေလာတႀကီးနဲ႔ ေကာင္းေကာင္းမြန္မြန္ ျပင္ဆင္ခ်ိန္ေတာ့ မရလိုက္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ ကိုယ္ပိုင္ “၀” ရိုးရာ ယဥ္ေက်းမႈ အစဥ္အလာေတြ ျပသခြင့္ရတဲ့ အတြက္ ကၽြန္ေတာ္တို႔က ေက်းဇူးတင္တယ္ေပါ့ေနာ္။ ပူးေပါင္းတဲ့အေနနဲ႔ ကၽြန္ေတာ္တို႔ ပါ၀င္ရတာေပါ့။ ဒါမ်ိဳးရိုးရာယဥ္ေက်းမႈ အေနအထား ကိုယ္ကမျပရဘူးဆိုရင္ေတာ့ သူမ်ားက နားလည္မႈလြဲမွားတာတို႔ ဘာတို႔ျဖစ္တတ္တာေပါ့။ ဒါမ်ိဳးက တိုင္းရင္းသားအခ်င္းခ်င္း နားလည္မႈ ရေအာင္ေပါ့ေနာ္”ဟု ဦးညီရမ္းက ေျပာသည္။

ေသြးခ်င္းတို႔၏ ပြဲေတာ္ဆီပြဲက်င္းပေရးအတြက္ က်ပ္သိန္း ၇၀၀၀ ခန္႔ အကုန္အက်ခံက်င္းပမည္ျဖစ္ရာ ျမန္မာႏိုင္ငံ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအဖြဲ႕မွ အဖြဲ႕၀င္မ်ား၏ ရံပံုေငြထည့္၀င္ေငြမ်ားျဖင့္ ပထမဆံုး က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - Wai Chit ၊ ေသြးခ်င္းတို႔ရဲ႕ ပြဲေတာ္ဆီ ၊ Nyi Rang


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရန်ကုန်တိုင်းဒေသကြီး အစိုးရ နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ပူးပေါင်းပြီး၍ ရန်ကုန်တိုင်းဒေသကြီး၊ တာမွမြေို့နယ် ကျိုက္ကစံကွင်းတွင် ကျင်းပမည့် သွေးချင်းတို့၏ ပွဲတော်ဆီပြပွဲတွင် ပါဝင်ရန် အတွက် “ဝ” အမျိုးသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှ အဖွဲ့ဝင် (၁၅၀) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ကနပြေီးတော့မှ တိုင်းရင်းသားရိုးရာ ကပွဲတွပြေင်ဆင်တယ်ပေါ့။ ကျွန်တော်တို့ ဝ အဖွဲ့ကိုလည်း ဖိတ်တော့ နယ်အသီးသီးက “ဝ” ရိုးရာယဉ်ကျေးမှုတွေ စုစည်းပြီးတော့သွားတယ်။ မနက်ဖြန်စမယ်။ ကျွန်တော်တို့ “ဝ” ယဉ်ကျေးမှု အဖွဲ့အနေနဲ့လည်း နယ်စွန်နယ်ဖျားက လာဖို့ရာ ခက်ခဲတဲ့အခါကျတော့ ကျွန်တော်တို့ ပြခန်းမှာပြမယ့် ရိုးရာရှေးဟောင်းပစ္စည်းတွေလည်း များများ မသယ်နိုင်ဘူး။ နည်းနည်းလောက်နဲ့ ဓာတ်ပုံတွေပဲ ပြမယ်။ ကျွန်တော်တို့ “ဝ” ယဉ်ကျေးမှုအဖွဲ့က ၁၅၀ လောက်သွားမယ်။ နယ် အသီးသီးကပေါ့။ ပြီးတော့ အကပဒေသာတွေပေါ့”ဟု UWSA/UWSP၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီ (၂၄)ရက်တွင် ပြောသည်။

ဇန်နဝါရီ (၂၅)ရက်မှ (၃၀)ရက်အတွင်း ကျင်းပမည့် အဆိုပါပွဲတွင် “ဝ” တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး “ဝ” ရိုးရာအကများနှင့် ရိုးရာမီးပုံပွဲတော်များကို ညစဉ် ညနေ (၅)နာရီမှ (၈)နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ လာရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။

“ပထမအကြိမ် ကမကထ လုပ်လိုက်တယ်ဆိုတော့ အလောတကြီးနဲ့ ကောင်းကောင်းမွန်မွန် ပြင်ဆင်ချိန်တော့ မရလိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ကိုယ်ပိုင် “ဝ” ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေ ပြသခွင့်ရတဲ့ အတွက် ကျွန်တော်တို့က ကျေးဇူးတင်တယ်ပေါ့နော်။ ပူးပေါင်းတဲ့အနေနဲ့ ကျွန်တော်တို့ ပါဝင်ရတာပေါ့။ ဒါမျိုးရိုးရာယဉ်ကျေးမှု အနေအထား ကိုယ်ကမပြရဘူးဆိုရင်တော့ သူများက နားလည်မှုလွဲမှားတာတို့ ဘာတို့ဖြစ်တတ်တာပေါ့။ ဒါမျိုးက တိုင်းရင်းသားအချင်းချင်း နားလည်မှု ရအောင်ပေါ့နော်”ဟု ဦးညီရမ်းက ပြောသည်။

သွေးချင်းတို့၏ ပွဲတော်ဆီပွဲကျင်းပရေးအတွက် ကျပ်သိန်း ၇၀၀၀ ခန့် အကုန်အကျခံကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့မှ အဖွဲ့ဝင်များ၏ ရံပုံငွေထည့်ဝင်ငွေများဖြင့် ပထမဆုံး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - Wai Chit၊ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ၊ Nyi Rang

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~