သရုပ္ေဆာင္ မိုးေအာင္ရင္အား မူးယစ္အမႈျဖင့္ တရားရံုးႏွစ္ခုက စုစုေပါင္း ေထာင္ဒဏ္ (၁၇)ႏွစ္ ခ်မွတ္

သရုပ္ေဆာင္ မိုးေအာင္ရင္အား မူးယစ္အမႈျဖင့္ တရားရံုးႏွစ္ခုက စုစုေပါင္း ေထာင္ဒဏ္ (၁၇)ႏွစ္ ခ်မွတ္
ဒီဇင်ဘာ 12, 2018
By Tachileik News Agency

မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရိွမႈျဖင့္ ေထာင္ဒဏ္ (၅)ႏွစ္က်ခံေနရသည့္ သရုပ္ေဆာင္ မိုးေအာင္ရင္ကို အေရွ႕ပိုင္းခရိုင္တရားရုံးက ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂) ရက္ေန႔တြင္ ပုဒ္မ ၁၉(က)ျဖင့္ ေထာင္ဒဏ္ (၁၂)ႏွစ္ခ်မွတ္လုိက္သျဖင့္ စုစုေပါင္း ေထာင္ဒဏ္ (၁၇)ႏွစ္ က်ခံရမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တုိင္းေဒသႀကီး ပုဇြန္ေတာင္ၿမိဳ႕နယ္တရားရံုးႏွင့္ အေရွ႕ပိုင္းခရိုင္တရားရံုးတုိ႔တြင္ မူးယစ္မႈမ်ားျဖင့္ တရားရင္ဆုိင္ေနရသည့္ သရုပ္ေဆာင္ မိုးေအာင္ရင္ကို ပုဇြန္ေတာင္ၿမိဳ႕နယ္ တရားရံုးက ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၆)ရက္ေန႔တြင္ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရိွမႈ ပုဒ္မ ၁၅/၁၆(ဂ)ျဖင့္ ေထာင္ဒဏ္ (၅)ႏွစ္ ခ်မွတ္ ခဲ့ျခင္းျဖစ္ၿပီး ဒီဇင္ဘာလ (၁၂)ရက္ေန႔တြင္ အေရွ႕ပိုင္းခရုိင္တရားရုံုးက မိုးေအာင္ရင္ကို မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရိွမႈ ပုဒ္မ ၁၉(က)ျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၂)ႏွစ္၊ ဘုန္းျမင့္ေအာင္ (ခ)ေဒးဗစ္ကို မူးယစ္ေဆးဝါးလက္ဝယ္ေတြ႔ရိွမႈ ပုဒ္မ ၁၉(က)ျဖင့္ ေထာင္ဒဏ္ (၁၂)ႏွစ္ႏွင့္ လူလူသန္းဦးကို မူးယစ္ေဆးဝါးသံုးစြဲမႈျဖင့္ ေထာင္ဒဏ္ (၃)ႏွစ္ အသီးသီးအမိန္႔ခ်လုိက္ျခင္းျဖစ္သည္။

သရုပ္ေဆာင္မိုးေအာင္ရင္၏ ေနအိမ္ကို ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ (၂၉)ရက္ေန႔၌ ရဲတပ္ဖြဲ႕က ဝင္ေရာက္ ရွာေဖြရာ သူငယ္ခ်င္းႏွစ္ဦးျဖစ္သည့္ ဘုန္းျမင့္ေအာင္(ခ)ေဒးဗစ္ႏွင့္ လူလူသန္းဦးတို႔ကို ေဆးေျခာက္မ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး မိုးေအာင္ရင္ကို ပုဇြန္ေတာင္ၿမိဳ႕နယ္ရိွ ရည္းစားျဖစ္သူ၏ ေနအိမ္တြင္ မူးယစ္ေဆးဝါးႏွင့္အတူ ဖမ္းမိခဲ့သျဖင့္ အေရွ႕ပိုင္းခရိုင္တရားရံုးႏွင့္ ပုဇြန္ေတာင္ၿမိဳ႕နယ္ တရားရံုးတို႔တြင္ တရားရင္ဆုိင္ေနခဲ့ၾကရျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် (၅)နှစ်ကျခံနေရသည့် သရုပ်ဆောင် မိုးအောင်ရင်ကို အရှေ့ပိုင်းခရိုင်တရားရုံးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ပုဒ်မ ၁၉(က)ဖြင့် ထောင်ဒဏ် (၁၂)နှစ်ချမှတ်လိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တရားရုံးနှင့် အရှေ့ပိုင်းခရိုင်တရားရုံးတို့တွင် မူးယစ်မှုများဖြင့် တရားရင်ဆိုင်နေရသည့် သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် တရားရုံးက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ထောင်ဒဏ် (၅)နှစ် ချမှတ် ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးက မိုးအောင်ရင်ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်၊ ဘုန်းမြင့်အောင် (ခ)ဒေးဗစ်ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၉(က)ဖြင့် ထောင်ဒဏ် (၁၂)နှစ်နှင့် လူလူသန်းဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ဒဏ် (၃)နှစ် အသီးသီးအမိန့်ချလိုက်ခြင်းဖြစ်သည်။

သရုပ်ဆောင်မိုးအောင်ရင်၏ နေအိမ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၉)ရက်နေ့၌ ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေရာ သူငယ်ချင်းနှစ်ဦးဖြစ်သည့် ဘုန်းမြင့်အောင်(ခ)ဒေးဗစ်နှင့် လူလူသန်းဦးတို့ကို ဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်ရှိ ရည်းစားဖြစ်သူ၏ နေအိမ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိခဲ့သဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ပုဇွန်တောင်မြို့နယ် တရားရုံးတို့တွင် တရားရင်ဆိုင်နေခဲ့ကြရခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~