သွားရောက်စစ်ဆေးချိန်တွင် အိမ်အကူမိန်းကလေး၏ မျက်နှာတွင် အိမ်ရှင်ဖြစ်သူ သိဂီ င်္ထွန်းက ခြေထောက်ဖြင့်ကန်၍ ဖူးရောင်ဒဏ်ရာများရရှိထားသည့်အပြင် ဒူးတွင် မီးပူဖြင့်ကပ်ခံထားရသည့် ဒဏ်ရာဟောင်း၊ လက်နှစ်ဖက်၏ လက်မောင်းနှင့် လက်ကောက်ဝတ်များတွင် ဓားဖြင့်မွှန်းခံထားရသည့် ဒဏ်ရာဟောင်းများ၊ ကျောတွင် ရေနွေးပူဖြင့် လောင်းခံထားရသည့် ဒဏ်ရာ၊ ဦးခေါင်း ချိုစောင်းတွင် ဓါးဖြင့်ခုတ်ခံထားရသည့် ပြတ်ရှဒဏ်ရာဟောင်းများကိုလည်း တွေ့ရပြီး လက်ရှိတွင် အင်းစိန်ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပြီး စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့
*************
အသက်(၁၃)နှစ်အရွယ်အိမ်အကူဖြစ်သူကို မီးပူဖြင့်ကပ်၊ ဓါးဖြင့် မွှန်း၊ ဓါးဖြင့်ခုတ်၊ ရေနွေးဖြင့်လောင်းပြီး ညှင်းပန်းနှိပ်စက်သည့် အသက်(၃၃)နှစ်အရွယ် အမျိုးသမီးကို ရန်ကုန်မြို့ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်မှ ရာအိမ်မှူး ဦးဆန်းကိုကိုသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ မွန်းလွဲ (၁) နာရီ (၄၅) မိနစ်အချိန်က အဆိုပါရပ်ကွက်ရှိ အိမ်အကူအဖြစ်လုပ်ကိုင်သူ အသက်(၁၃)နှစ်ခန့် မိန်းကလေးတစ်ဦးအား အိမ်ရှင်ဖြစ်သူ သိင်္ဂီထွန်းက ညှင်းပန်းနှိပ်စက်ထားသဖြင့် ဒဏ်ရာများရရှိထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
သွားရောက်စစ်ဆေးချိန်တွင် အိမ်အကူမိန်းကလေး၏ မျက်နှာတွင် အိမ်ရှင်ဖြစ်သူ သိဂီ ၤထွန်းက ခြေထောက်ဖြင့်ကန်၍ ဖူးရောင်ဒဏ်ရာများရရှိထားသည့်အပြင် ဒူးတွင် မီးပူဖြင့်ကပ်ခံထားရသည့် ဒဏ်ရာဟောင်း၊ လက်နှစ်ဖက်၏ လက်မောင်းနှင့် လက်ကောက်ဝတ်များတွင် ဓားဖြင့်မွှန်းခံထားရသည့် ဒဏ်ရာဟောင်းများ၊ ကျောတွင် ရေနွေးပူဖြင့် လောင်းခံထားရသည့် ဒဏ်ရာ၊ ဦးခေါင်း ချိုစောင်းတွင် ဓါးဖြင့်ခုတ်ခံထားရသည့် ပြတ်ရှဒဏ်ရာဟောင်းများကိုလည်း တွေ့ရပြီး လက်ရှိတွင် အင်းစိန်ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပြီး စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
အိမ်ရှင်ဖြစ်သူ သိင်္ဂီထွန်းအား ဘုရင့်နောင်နယ်မြေရဲစခန်းတွင် (ပ)၂၂၈၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့