ဂ်ပန္ႏုိင္ငံတြင္ အလုပ္ရမည္ဟုဆိုကာ တစ္ဦးလွ်င္ က်ပ္(၁၅)သိန္းစီ လိမ္လည္ေတာင္းယူထားသည့္ ရန္ကုန္ၿမိဳ႕မွ ခ်ယ္ရီထြန္း အင္တာေနရွင္နယ္ဆားဗစ္ အမည္ျဖင့္ ဂ်ပန္စကားေျပာသင္တန္းကို သင္တန္းသူ (၇)ဦးက အမႈဖြင့္တုိင္ၾကားလုိက္ၿပီး သင္တန္းပိုင္ရွင္(၂)ဦးမွာ တိမ္းေရွာင္ေနေၾကာင္း သိရသည္။
အဆိုပါ သင္တန္းေက်ာင္းတြင္ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ဂ်ပန္ (၃) ေယာက္က အင္တာဗ်ဴး လုပ္ေဆာင္ၿပီး ဂ်ပန္ႏုိင္ငံတြင္ သက္ႀကီးဘိုးဘြားမ်ားအား ေစာင့္ေရွာက္သည့္ သူနာျပဳအလုပ္အတြက္ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ (၃,၅၀၀) ေပးရမည္ျဖစ္ေၾကာင္းႏွင့္ စရံေငြအျဖစ္ တစ္ဦးလွ်င္ က်ပ္(၁၅)သိန္းစီကို သင္တန္းဖြင့္လွစ္ထားသည့္ ခ်ယ္ရီထြန္း အင္တာေနရွင္နယ္ဆားဗစ္မွ ခင္ေမာင္ထြန္းႏွင့္ ျမင့္သီရိလိႈင္တုိ႔ ဇနီးေမာင္ႏွံက ရယူထားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းရိွ သင္တန္းသား၊ သင္တန္းသူ (၅၀)အနက္မွ သင္တန္းသူ (၇)ဦးက သင္တန္းတြင္ ေပးထားသည့္ ေငြေၾကးျပန္လည္ေတာင္းယူလိုသျဖင့္ ျမန္မာျပည္ပ အလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္း႐ွင္မ်ား အဖြဲ႔ခ်ဳပ္ (MOEAF)ထံ ဆက္သြယ္အကူအညီေတာင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။
“ကေလးေတြက MOEAF ကေန တစ္ဆင့္လာတယ္။ သူတို႔ပိုက္ဆံေပးထားတဲ့သူက ဗဟန္းၿမိဳ႕နယ္ ယုဇနတာဝါက။ ကေလးေတြလည္း တစ္ခ်ဳိ႕က (၁၀)သိန္းေပးထားတယ္။ တစ္ခ်ိဳ႕ကလည္း (၁၅)သိန္းေပးထားတယ္။ အခုသင္တန္းဖြင့္ထားတဲ့ ခ်ယ္ရီထြန္းက တရားဝင္ေအဂ်င္စီလည္းမဟုတ္ဘူး။ ပို႔လည္းပို႔ႏိုင္မွာ မဟုတ္ဘူးေလ။ ဒါက တရားဝင္လုိင္စင္ရိွမွ လုပ္လုိ႔ရတာေလ။ စုံစမ္းလုိက္ေတာ့ အဲဒီလူက အရင္ကလည္း ဗဟန္းမွာ ျပည္ပအလုပ္အကိုင္ပို႔ေပးမယ္ဆုိတာနဲ႔ အမႈဖြင့္ခံထားတာကိုလည္း အခုထိလည္း လာမရွင္းေသးဘူး။ ကေလးေတြကို ပိုက္ဆံျပန္လာေပးမယ္ဆိုၿပီး မလာဘူး။ ဆက္သြယ္လို႔လည္း မရေတာ့ဘူး။ ဒါနဲ႕ ဒီကေလးေတြနဲ႔ MOEAF ကတာဝန္မွဴးတို႔က ရဲစခန္းမွာ အမႈ သြားဖြင့္ၾကတယ္”ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ ဌာနစု (၆) (ရန္ကုန္) တပ္ဖြဲ႕မွဴး ရဲမွဴး ခင္ေမာင္ၾကြယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ သင္တန္းေက်ာင္းမွ ခင္ေမာင္ထြန္းဆိုသူက ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၆)ရက္ေန႔ နံနက္ (၁၀)နာရီတြင္ သင္တန္းသူမ်ားထံမွ ရယူထားသည့္ေငြေၾကး ျပန္လည္ေပးအပ္မည္ဟု လူကုန္ကူးမႈ တားဆီးႏိွမ္နင္းေရး ရဲတပ္ဖြဲ႔၏ ဆက္သြယ္မႈကို ျပန္လည္ေျဖၾကားခဲ့ၿပီးေနာက္ ဆက္သြယ္၍ မရေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ခင္ေမာင္ထြန္းက ကေလးေတြဆီက ယူထားတဲ့ ပိုက္ဆံျပန္ေပးမယ္ဆိုၿပီး ေျပာတာေပါ့။ ကၽြန္ေတာ္တုိ႔ အေနနဲ႔ကလည္း ကေလးေတြေပးထားရတဲ့ပိုက္ဆံ ျပန္ရေစခ်င္တာေပါ့။ မေန႔က မလာဘူးဆိုေတာ့ ကေလးေတြက တရားလိုလုပ္ၿပီး အမႈဖြင့္လိုက္တယ္။ ခင္ေမာင္ထြန္းတုိ႔က အရင္ကလည္း ကာတာကို လူပို႔မယ္ဆိုၿပီး လိမ္ထားလို႔ အမႈဖြင့္ခံထားရတာလို႔ သိရတယ္။ သူတို႔လင္မယားက ဒီလိုပဲ လုပ္ေန ၾကတယ္ဆိုတာ မေန႔က စံုစမ္းလိုက္ေတာ့ သိရတယ္။ တုိက္ခန္းငွား ဆားဗစ္အေရာင္ျပ၊ ဝက္ဘ္ဆိုဒ္ေတြ လူမႈကြန္ယက္ေတြကေန ေၾကာ္ျငာလုိက္တယ္။ လာေလွ်ာက္တဲ့အခါက်ရင္ အင္တာဗ်ဴးေျဖခုိင္းၿပီး ႀကိဳတင္ေငြေတာင္းပါတယ္”ဟု လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ ဌာနစု (၆) (ရန္ကုန္)မွ ရဲအုပ္သန္႔ဇင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရန္ကုန္ၿမိဳ႕ရိွ MOEAF တြင္လည္း ယင္းကဲ့သို႔ ျပည္ပပို႔မည္ဟုဆိုကာ ေငြေၾကးလိမ္လည္ေတာင္းယူမႈမ်ား ရိွေနသျဖင့္ ျပည္ပသြားလိုသူမ်ားအေနျဖင့္ တရားဝင္ေအဂ်င္စီမ်ားျဖင့္သာ သတိထား ဆက္သြယ္ လုပ္ကိုင္ၾကရန္ MOEAF ၏ ဒုတိယဥကၠဌ ဦးဝင္းထြန္းက တုိက္တြန္းလိုက္သည္။
“ဝန္ႀကီးဌာနကလည္း သင္တန္းေက်ာင္းေတြကို မႀကီးၾကပ္ႏုိင္ဘူး။ ဒီေတာ့ ပိုက္ဆံငါးေသာင္း တစ္သိန္းအကုန္ခံၿပီး သင္တန္းေက်ာင္းဖြင့္ လူစုလုိက္တယ္။ ၿပီးရင္ တရားမဝင္ လူပို႔တယ္။ ဟန္ျပ ေက်ာင္းေလးဖြင့္ၿပီး လိမ္ေနတာ။ ခ်ယ္ရီထြန္းဆို လုိင္စင္လည္း မရိွဘူး။ နာမည္ပ်က္လည္းရိွတယ္။ ေနာက္တစ္ခါ သူတို႔က ဘယ္ေလာက္ဆိုးလဲဆိုရင္ တုိင္တဲ့ကေလးေတြကို သတ္ပစ္မယ္ေတာင္ ၿခိမ္းေျခာက္တယ္။ ဒီလို လိမ္ေနၾကတာေတြမ်ားေတာ့ ကၽြန္တာ္တို႔အဖြဲ႕ခ်ဳပ္မွာဆို တုိင္ၾကားလာမႈက မရိွဘူးဆုိင္ရ တစ္ေန႔ကို တစ္မႈ အနည္းဆံုးရိွတယ္”ဟု MOEAF ၏ ဒုတိယဥကၠဌ ဦးဝင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ယင္းကဲ့သို ျပည္ပအလုပ္အကိုင္႐ွာေဖြေရးလိုင္စင္ရယူထားျခင္းမရိွဘဲ လူစုေဆာင္းျခင္း၊ ေငြေၾကး ေကာက္ခံျခင္း၊ ပို႔ေဆာင္ျခင္းမ်ား ျပဳလုပ္ပါက ျပည္ပ ၂၆ ပုဒ္မႏွင့္ျဖစ္ေစ၊ လိမ္လည္မႈျဖင့္ျဖစ္ေစ အေရးယူႏိုင္ေၾကာင္း သိရိွရၿပီး မၾကာမီရက္ပိုင္းအတြင္းကလည္း ယုဇနတာဝါရိွ ရံုးခန္းတစ္ခုတြင္ ကာတာသို႔ ပို႔ေမးမည္ဟုဆိုကာ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ (၈၀၀)ျဖင့္ လူဦးေရ (၂၀၀)အား လိမ္လည္ေတာင္းခံ ထားေၾကာင္း သတင္းအရ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕အပါအဝင္ သက္ဆုိင္ရာ ပူးေပါင္းအဖြဲ႕မ်ားက ဝင္ေရာက္ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။
ျပည္ပအလုပ္အကိုင္မ်ားႏွင့္ပတ္သက္၍ အကူအညီလိုအပ္ပါက ရန္ကုန္ၿမိဳ႕၊ တိုက္အမွတ္ ၄၅၆ ကုန္သည္လမ္းႏွင့္ ဘိုကေလးေစ်းလမ္းေဒါင့္ရိွ ျမန္မာျပည္ပ အလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္း႐ွင္မ်ားအဖြဲ႔ခ်ဳပ္ရံုး ဖုန္း ၀၁၂၅၆၇၂၇၊ ၀၉၄၅၂၆၉၅၈၂၂ တို႔သို႔ ဆက္သြယ္အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။
သတင္း - ခ်ယ္ရီထိုက္
အဆိုပါ သင်တန်းကျောင်းတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဂျပန် (၃) ယောက်က အင်တာဗျူး လုပ်ဆောင်ပြီး ဂျပန်နိုင်ငံတွင် သက်ကြီးဘိုးဘွားများအား စောင့်ရှောက်သည့် သူနာပြုအလုပ်အတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၃,၅၀၀) ပေးရမည်ဖြစ်ကြောင်းနှင့် စရံငွေအဖြစ် တစ်ဦးလျှင် ကျပ်(၁၅)သိန်းစီကို သင်တန်းဖွင့်လှစ်ထားသည့် ချယ်ရီထွန်း အင်တာနေရှင်နယ်ဆားဗစ်မှ ခင်မောင်ထွန်းနှင့် မြင့်သီရိလှိုင်တို့ ဇနီးမောင်နှံက ရယူထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းရှိ သင်တန်းသား၊ သင်တန်းသူ (၅၀)အနက်မှ သင်တန်းသူ (၇)ဦးက သင်တန်းတွင် ပေးထားသည့် ငွေကြေးပြန်လည်တောင်းယူလိုသဖြင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)ထံ ဆက်သွယ်အကူအညီတောင်းလာခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးတွေက MOEAF ကနေ တစ်ဆင့်လာတယ်။ သူတို့ပိုက်ဆံပေးထားတဲ့သူက ဗဟန်းမြို့နယ် ယုဇနတာဝါက။ ကလေးတွေလည်း တစ်ချို့က (၁၀)သိန်းပေးထားတယ်။ တစ်ချို့ကလည်း (၁၅)သိန်းပေးထားတယ်။ အခုသင်တန်းဖွင့်ထားတဲ့ ချယ်ရီထွန်းက တရားဝင်အေဂျင်စီလည်းမဟုတ်ဘူး။ ပို့လည်းပို့နိုင်မှာ မဟုတ်ဘူးလေ။ ဒါက တရားဝင်လိုင်စင်ရှိမှ လုပ်လို့ရတာလေ။ စုံစမ်းလိုက်တော့ အဲဒီလူက အရင်ကလည်း ဗဟန်းမှာ ပြည်ပအလုပ်အကိုင်ပို့ပေးမယ်ဆိုတာနဲ့ အမှုဖွင့်ခံထားတာကိုလည်း အခုထိလည်း လာမရှင်းသေးဘူး။ ကလေးတွေကို ပိုက်ဆံပြန်လာပေးမယ်ဆိုပြီး မလာဘူး။ ဆက်သွယ်လို့လည်း မရတော့ဘူး။ ဒါနဲ့ ဒီကလေးတွေနဲ့ MOEAF ကတာဝန်မှူးတို့က ရဲစခန်းမှာ အမှု သွားဖွင့်ကြတယ်”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဌာနစု (၆) (ရန်ကုန်) တပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ သင်တန်းကျောင်းမှ ခင်မောင်ထွန်းဆိုသူက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ နံနက် (၁၀)နာရီတွင် သင်တန်းသူများထံမှ ရယူထားသည့်ငွေကြေး ပြန်လည်ပေးအပ်မည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆက်သွယ်မှုကို ပြန်လည်ဖြကြေားခဲ့ပြီးနောက် ဆက်သွယ်၍ မရတော့ခြင်းဖြစ်ကြောင်း သိရသည်။
“ခင်မောင်ထွန်းက ကလေးတွေဆီက ယူထားတဲ့ ပိုက်ဆံပြန်ပေးမယ်ဆိုပြီး ပြောတာပေါ့။ ကျွန်တော်တို့ အနေနဲ့ကလည်း ကလေးတွေပေးထားရတဲ့ပိုက်ဆံ ပြန်ရစေချင်တာပေါ့။ မနေ့က မလာဘူးဆိုတော့ ကလေးတွေက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တယ်။ ခင်မောင်ထွန်းတို့က အရင်ကလည်း ကာတာကို လူပို့မယ်ဆိုပြီး လိမ်ထားလို့ အမှုဖွင့်ခံထားရတာလို့ သိရတယ်။ သူတို့လင်မယားက ဒီလိုပဲ လုပ်နေ ကြတယ်ဆိုတာ မနေ့က စုံစမ်းလိုက်တော့ သိရတယ်။ တိုက်ခန်းငှါး ဆားဗစ်အရောင်ပြ၊ ဝက်ဘ်ဆိုဒ်တွေ လူမှုကွန်ယက်တွေကနေ ကြော်ငြာလိုက်တယ်။ လာလျှောက်တဲ့အခါကျရင် အင်တာဗျူးဖြေခိုင်းပြီး ကြိုတင်ငွေတောင်းပါတယ်”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဌာနစု (၆) (ရန်ကုန်)မှ ရဲအုပ်သန့်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ MOEAF တွင်လည်း ယင်းကဲ့သို့ ပြည်ပပို့မည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းယူမှုများ ရှိနေသဖြင့် ပြည်ပသွားလိုသူများအနဖြေင့် တရားဝင်အေဂျင်စီများဖြင့်သာ သတိထား ဆက်သွယ် လုပ်ကိုင်ကြရန် MOEAF၏ ဒုတိယဥက္ကဌ ဦးဝင်းထွန်းက တိုက်တွန်းလိုက်သည်။
“ဝန်ကြီးဌာနကလည်း သင်တန်းကျောင်းတွေကို မကြီးကြပ်နိုင်ဘူး။ ဒီတော့ ပိုက်ဆံငါးသောင်း တစ်သိန်းအကုန်ခံပြီး သင်တန်းကျောင်းဖွင့် လူစုလိုက်တယ်။ ပြီးရင် တရားမဝင် လူပို့တယ်။ ဟန်ပြ ကျောင်းလေးဖွင့်ပြီး လိမ်နေတာ။ ချယ်ရီထွန်းဆို လိုင်စင်လည်း မရှိဘူး။ နာမည်ပျက်လည်းရှိတယ်။ နောက်တစ်ခါ သူတို့က ဘယ်လောက်ဆိုးလဲဆိုရင် တိုင်တဲ့ကလေးတွေကို သတ်ပစ်မယ်တောင် ခြိမ်းခြောက်တယ်။ ဒီလို လိမ်နကြေတာတွေများတော့ ကျွန်တာ်တို့အဖွဲ့ချုပ်မှာဆို တိုင်ကြားလာမှုက မရှိဘူးဆိုင်ရ တစ်နေ့ကို တစ်မှု အနည်းဆုံးရှိတယ်”ဟု MOEAF၏ ဒုတိယဥက္ကဌ ဦးဝင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယင်းကဲ့သို ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်ရယူထားခြင်းမရှိဘဲ လူစုဆောင်းခြင်း၊ ငွေကြေး ကောက်ခံခြင်း၊ ပို့ဆောင်ခြင်းများ ပြုလုပ်ပါက ပြည်ပ ၂၆ ပုဒ်မနှင့်ဖြစ်စေ၊ လိမ်လည်မှုဖြင့်ဖြစ်စေ အရေးယူနိုင်ကြောင်း သိရှိရပြီး မကြာမီရက်ပိုင်းအတွင်းကလည်း ယုဇနတာဝါရှိ ရုံးခန်းတစ်ခုတွင် ကာတာသို့ ပို့မေးမည်ဟုဆိုကာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၈၀၀)ဖြင့် လူဦးရေ (၂၀၀)အား လိမ်လည်တောင်းခံ ထားကြောင်း သတင်းအရ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်များနှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက ရန်ကုန်မြို့၊ တိုက်အမှတ် ၄၅၆ ကုန်သည်လမ်းနှင့် ဘိုကလေးဈေးလမ်းဒေါင့်ရှိ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ရုံး ဖုန်း ဝ၁၂၅၆၇၂၇၊ ဝ၉၄၅၂၆၉၅၈၂၂ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်