ရန်ကုန် မှ ထားဝယ်အသွား လေယာဉ်ပေါ်က တွေ့မြင်ရသည့် မြင်ကွင်းများ၊ ထားဝယ်တွင် မနက်ကတည်းက မိုးရွာလျက်ရှိ

ရန်ကုန် မှ ထားဝယ်အသွား လေယာဉ်ပေါ်က တွေ့မြင်ရသည့် မြင်ကွင်းများ၊ ထားဝယ်တွင် မနက်ကတည်းက မိုးရွာလျက်ရှိ
ဇူလိုငျ 31, 2018
By Tachileik News Agency



မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေရာမှ ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်း အဝေးပြေးလမ်းမကြီးအား ဇူလိုင်လ(၂၆)ရက်နေ့မှစ၍ ယာယီပိတ်ထားရသည့် အတွက် ရန်ကုန် - မော်လမြိုင် - ရန်ကုန်၊ ရန်ကုန် - ထားဝယ် - ရန်ကုန် လေကြောင်း ခရီးစဉ်အား မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့က ဇူလိုင်လ(၃၀)ရက်နေ့မှစ၍ အထူးခရီးစဉ်အနေဖြင့် ပျံသန်းပေးနေခြင်းဖြစ်သည်။


Tachileik News Agency
ဓါတ်ပုံ - John Ko



~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နံနက်ပိုင်းက ရန်ကုန် - ထားဝယ် အထူးခရီးစဉ်အတွင်း ထားဝယ်မြို့ ကောင်းကင်မြင်ကွင်းပုံများ ဖြစ်ပါသည်။

ရန်ကုန် မှ ထားဝယ်အသွား ခရီးစဉ်တစ်လျှောက်တွင် မိုးရွာသွန်းနေလျှက်ပြီး၊ ထားဝယ်တွင်လည်း မိုးရွာနေလျှက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ရကြေီးရေလျှံမှုများ ဖြစ်ပွားနေရာမှ ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်း အဝေးပြေးလမ်းမကြီးအား ဇူလိုင်လ(၂၆)ရက်နေ့မှစ၍ ယာယီပိတ်ထားရသည့် အတွက် ရန်ကုန် - မော်လမြိုင် - ရန်ကုန်၊ ရန်ကုန် - ထားဝယ် - ရန်ကုန် လေကြောင်း ခရီးစဉ်အား မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့က ဇူလိုင်လ(၃၀)ရက်နေ့မှစ၍ အထူးခရီးစဉ်အနဖြေင့် ပျံသန်းပေးနခြေင်းဖြစ်သည်။

ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်း အဝေးပြေးလမ်းမကြီးတွင် ရေစီးသန်မှု လျော့နည်းသွားသည့်အတွက် ဇူလိုင်လ (၃၀)ရက်နေ့ ညနေပိုင်းက စတင်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - John Ko

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~