နမ့္ဆန္ မီးေဘးသင့္ ျပည္သူ(၁၀၀၀)ေက်ာ္အတြက္ အကူညီမ်ား လိုအပ္ေန

နမ့္ဆန္ မီးေဘးသင့္ ျပည္သူ(၁၀၀၀)ေက်ာ္အတြက္ အကူညီမ်ား လိုအပ္ေန
ဖေဖော်ဝါရီ 5, 2016
By Tachileik News Agency
 ဓါတ္ပံု Facebook 

နမ့္ဆန္ မီးေဘးသင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား စာေမးပြဲနီးကပ္သျဖင့္ စာအုပ္ႏွင့္ စာေရးကိရိယာမ်ား လိုအပ္လွ်က္ရွိေၾကာင္းႏွင့္ မီးေဘးသင့္ျပည္သူမ်ား ဘုန္းႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္းမ်ားတြင္ ေနထုိင္လွ်က္ ရွိိေၾကာင္း သိရသည္။

"အခုက ကေလးေတြ စာေမးပြဲလဲ နီးေနၿပီ စာအုပ္၊ စာတမ္းေတြ ခဲတံ၊ ေဘာပင္ေတြကအစ မီးေလာင္သြားေတာ့ အခက္အခဲ ျဖစ္ေနတယ္၊ တစ္ခ်ိဳ႕အစားအစာေတြ လာလွဴတာေတာ့ၾကားရတယ္၊ အခုခ်ိန္ ရာသီဥတုလဲေအးေတာ့ ေစာင္နဲ႔ အေႏြးထည္ေတြ လာလွဴေစခ်င္တယ္"ဟု နမ့္ဆန္ၿမိဳ႕ ပေလာင္ ဆရာေတာ္ ဦးကုေ၀ရက မိန္႔ၾကားသည္။

နမ္ဆန္ၿမိဳ႕တြင္း မီးေဘးသင့္သြားခဲ့သျဖင့္ ေဒသခံ(၁၀၀၀)ခန္႔ ဘုန္းေတာ္ႀကီးေက်ာင္း(၂)ေက်ာင္းႏွင့္ စာသင္ေက်ာင္းတို႔တြင္ ခိုလွံဳလွ်က္ရွိေၾကာင္းႏွင့္ ေနအိမ္ႏွင့္ ကုန္ပစၥည္းမ်ားအားလံုး မီးေလာင္ကၽြမ္းသြားသျဖင့္ အခက္အခဲ မ်ားစြာျဖစ္ေပၚလွ်က္ရွိေၾကာင္း ပေလာင္ ဆရာေတာ္ထံမွ သိရသည္။

 "ဦးဇင္းတို႔ ၿမိဳ႕က ေစ်းဆိုၿပီး သီးသန္႔မရွိဘူး၊ တစ္ၿမိဳ႕လံုးက ကိုယ္အိမ္ကိုယ္ ေစ်းလုပ္ေရာင္းတာ အခု မီးထဲပါသြားေတာ့ ဘာမွျပန္မရဘူး၊ အဓိက လာလွဴမယ့္ အလွဴရွင္ေတြကို ဦးဇင္းမွာခ်င္တာက ေအးတဲ့ရာသီျဖစ္လို႔ အေႏြးထည္နဲ႔ ေစာင္ယူလာေပးပါ၊ ကေလးေတြအတြက္ စာေရးကိရိယာ၊ စာအုပ္၊ စာတမ္းေတြ လာလွဴေပးပါလို႔ မွာခ်င္ပါတယ္"ဟု ဆရာေတာ္မွ ဆက္လက္မိန္႔ၾကားသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ နမ့္ဆန္ၿမိဳ႕တြင္ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔က နာရီေပါင္း (၁၂)နာရီ၀န္းက်င္ အၾကာ မီးေလာင္ကြ်မ္းသြားခဲ့မႈေၾကာင့္ အိမ္ေျခေပါင္း (၄၀၀)ခန္႔ပါသြားခဲ့ၿပီး လူဦးေရ (၁၀၀၀)ေက်ာ္ မီးေဘးသင့္ခဲ့ရေၾကာင္း သိရွိရသည္။

********************

( unicode )

နမ့်ဆန် မီးဘေးသင့် ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲနီးကပ်သဖြင့် စာအုပ်နှင့် စာရေးကိရိယာများ လိုအပ်လျှက်ရှိကြောင်းနှင့် မီးဘေးသင့်ပြည်သူများ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် နေထိုင်လျှက်ရှိကြောင်း သိရသည်။

"အခုက ကလေးတွေ စာမေးပွဲလဲ နီးနပြေီ စာအုပ်၊ စာတမ်းတွေ ခဲတံ၊ ဘောပင်တွေကအစ မီးလောင်သွားတော့ အခက်အခဲ ဖြစ်နေတယ်၊ တစ်ချို့အစားအစာတွေ လာလှူတာတော့ကြားရတယ်၊ အခုချိန် ရာသီဥတုလဲအေးတော့ စောင်နဲ့ အနွေးထည်တွေ လာလှူစေချင်တယ်"ဟု နမ့်ဆန်မြို့ ပလောင် ဆရာတော် ဦးကေုဝရက မိန့်ကြားသည်။

နမ်ဆန်မြို့တွင်း မီးဘေးသင့်သွားခဲ့သဖြင့် ဒေသခံ(၁၀၀၀)ခန့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် စာသင်ကျောင်းတို့တွင် ခိုလှုံလျှက်ရှိကြောင်းနှင့် နေအိမ်နှင့် ကုန်ပစ္စည်းများအားလုံး မီးလောင်ကျွမ်းသွားသဖြင့် အခက်အခဲ များစွာဖြစ်ပေါ်လျှက်ရှိကြောင်း ပလောင် ဆရာတော်ထံမှ သိရသည်။

 "ဦးဇင်းတို့ မြို့က ဈေးဆိုပြီး သီးသန့်မရှိဘူး၊ တစ်မြို့လုံးက ကိုယ်အိမ်ကိုယ် ဈေးလုပ်ရောင်းတာ အခု မီးထဲပါသွားတော့ ဘာမှပြန်မရဘူး၊ အဓိက လာလှူမယ့် အလှူရှင်တွေကို ဦးဇင်းမှာချင်တာက အေးတဲ့ရာသီဖြစ်လို့ အနွေးထည်နဲ့ စောင်ယူလာပေးပါ၊ ကလေးတွေအတွက် စာရေးကိရိယာ၊ စာအုပ်၊ စာတမ်းတွေ လာလှူပေးပါလို့ မှာချင်ပါတယ်"ဟု ဆရာတော်မှ ဆက်လက်မိန့်ကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေ နမ့်ဆန်မြို့တွင် နာရီပေါင်း (၁၂)နာရီဝန်းကျင်အကြာ မီးလောင်ကျွမ်းသွားခဲ့မှုကြောင့် အိမ်ခြေပေါင်း (၄၀၀)ခန့်ပါသွားခဲ့ပြီး လူဦးရေ (၁၀၀၀)ကျော် မီးဘေးသင့်ခဲ့ရကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~